""ကိုယ့် ရွေးချယ်မှုတွေအတွက် နောင်တမရမှာ သေချာရဲလား သားနေ ""
အိမ်ကို မပြန်ဖြစ်တာ တော်တော့်မှ တော်တော်ကြာပြီ ဖြစ်သည်။ ဘာမှ မပြောပဲ လွှတ်ပေးထားတာလေးကို တော့ ကျေးဇူးတင်ပေမယ့် ငါဆိုသည်မှာလဲ ဆုံးဖြတ်ချက်တွေကို ဝင်စွပ်ဖက်တာ သိပ်မုန်းသည်။
ခရီးသွားဖို့ လိုအပ်တဲ့ ပစ္စည်းတွေ အင်္ကျီတွေ ခဏ လာယူတုန်း ဖေဖေက စကားလာပြောခဲ့သည်။ ဘိုးဘွား နှစ်ယောက်က ရိပ်သာ ဝင်နေသည် ထို့အပြင် မာတာမိခင်မှာ တရုတ်တွင် ရှိနေခြင်းက ငါ့ကို ဘုရားသခင်က သနားတာဟုပင် ဆိုရတော့မလိုပင်။
""ဟုတ်ကဲ့""
""သားနေ ရဲ့ အမေကတော့ ညနေ ပြန်ရောက်လာလိမ့်မယ် ""
""ဗျာ မေမေက ဘယ်လိုဖြစ်လို့ ""
""ခက် က သူ့ဖေဖေဆီ ဖုန်းဆက်ပြောတယ် သူ့မိသားစုကို ရှာတွေ့ကြောင်းနဲ့ နှလုံးအစားထိုး ကုသဖို့ အကြောင်း မင်းမေမေ သိသွားတယ် ""
""သူ့နှလုံးကို ကျွန်တော်တို့ မယူပါဘူး ""
""အကယ်၍ လိုအပ်လာရင်တောင် မယူပဲ နေမလို့လား သားနေ ""
ထိုစကားကို ချက်ချင်း ဖြေနိုင်မယ်လို့ ထင်ခဲ့ပေမယ့် လက်တွေ့တွင်တော့ တစ်လွဲစီပင် နှုတ်ဖျားမှ မည်သည့် စကားမှ မထွက်လာခဲ့သလို ဦးနှောက်ကလဲ ဘာအချက်ပြမှုမှ မရှိ နှလုံးသားကလဲ ဟာထွက်နေသည်။ ငါ အဲ့လောက်တောင် ဆိုးရွားနေသည်လားပင်။
""ဖေဖေကတော့ ကာယကံရှင်ရော အလှူရှင်ရော သဘောတူနေမယ် ဆိုရင်တောင် မလုပ်စေချင်ဘူး""
""ကျွန်တော်တို့ ကြိုးစားပြီး ရှာနေပါတယ် မေမေ့ကို ကြည့်ပြောထားပေးပါ ""
""သားနေ မင်းမင်္ဂလာ ကိစ္စကရော ""
""ဖေဖေရာ ဒီအခြေအနေ မှာ ဒီစကားကို မပြောသင့်ဘူးမလား ""
""မင်းအဖွားကို ပေးထားတဲ့ ကတိကရော""
""ကတိဆိုတာ နားထောင်တဲ့သူသာ မှတ်မိတတ်တာ ""
ဟုတ်သည်။ ကတိဆိုတာ နားထောင်တဲ့သူသာ မှတ်မိတတ်တဲ့ အစားမျိုး ထိုစကားကို ခက်ပြောခဲ့စဉ်က သိပ်နားမလည်ပေမယ့် ခုချိန်တွင်ဖြင့် နားလည်လာခဲ့သည်။
ခက်ကို ဘာကတိတွေ ပေးခဲ့မိသလဲ အလုံးစုံ ငါ မမှတ်မိသလို ဘိုးဘွားတွေကို လဲ ဘာတွေ ပြောခဲ့မိသလဲ ငါမှတ်မိတောင် မသိချင်ယောင်ဆောင်ခွင့်ပေးပါ တစ်ခါလောက်လေးဖြစ်ဖြစ် သူ့ကို ရွေးချယ်ပရစေလား။ ။