ချစ်ရသူနဲ့ အတူရှိခွင့်ရသော နေ့သည် ၁ ရက်လောက်ပင် ရှိခဲ့မည် ဆိုပါစို့ ပြင်ဆင်ခွင့်ရှိမယ် ပြင်မလား ဆိုရင်တောင် ရွေးချယ်ခဲ့မည် မဟုတ် အဆုံးသတ်ထိ အဲ့၁ရက်ကို ရူးသွပ်စွာ ဖက်တွယ်ထားချင်မိပါသည်။
တစ်ဆစ်ဆစ်ထိုးကိုက်လာသော ခေါင်းကြောင့် အိပ်ရာမှ ထထိုင်ချင်သောလည်း တစ်လမ်းလုံး သည်းခံပြီး အရိပ်တကြည့်ကြည့်နဲ့ကားမောင်းလာရပြီး မနားရသေးပဲ ခုမှ အိပ်မောကျနေသော သူကို မနိုးစေချင် ဒီအတိုင်းလေး ဒီအတိုင်းလေးပဲ သူ့ကို ကြည့်နေပြီး ချစ်နေချင်မိတာပါ။ တကယ်ပါ သိပ်ချစ်မိတဲ့အတွက် သိပ်နောင်တလဲ ရချင်မိတာအမှန်ပါ။
မချစ်သင့်မှန်းသိပေမယ့် အဆုံးထိ မျက်စိစုံမှိတ်ပြီး ရှေ့ဆက်တိုးခဲ့မိသည်။ နာကျင်ရသူတွေ ရှိမှန်းသိပေမယ့် ကိုယ်တစ်ယောက်ထဲ အတွက်သာ ကြည့်ခဲ့မိသည့်အတွက် တစ်ခါတစ်ရံတော့ အားနာမိသည်။ တစ်ခါတစ်ရံကျရင်တော့ ကျေနပ်မိသည်။ တစ်ခါတစ်ရံကျရင်တော့ နာကျင်ရပြန်သည်။
ဘာတွေဘယ်လိုပဲ ဖြစ်လာပါစေစေ အဆုံးသတ်တိုင်းရဲ့ အဖြေတစ်ခု ကျွန်တော့်မှာ ရှိတယ် သေတာတောင် လက်မလွှတ်နိုင်ဘူး ။
""အဘိုးကြီး ထတော့လေ ညနေ ရောက်နေပြီ""
ပြုံးသည်။ နှုတ်ခမ်းလေး တွန့်ကွေးရုံမျှ သူပြုံးသည်။ရူးသည် ငရဲကို ချက်ချင်းဆွဲခေါ်ချခံလိုက်ရသလို နာကျင်မှုထဲ ရူးသွပ်သည်။ Masochism ဆိုတာ သေချာပေါက် ကျွန်တော်ပင် ဖြစ်သည်။
""ခဏလောက် အိပ်ရအောင်""
""မရဘူး ထတော့ ညနေ ပင်လယ်သွားမယ်လို့ ပြောထားတယ်လေ ""
""အင်း........""
ဆိုသည့် သံရှည်ဆွဲသံတစ်ခုရဲ့ နောက်မှာ ကျွန်တော် သူ့ရင်ခွင်ထဲ လုံးလုံးမြုပ်သွားရပြန်သည်။ ဖက်ထားသည်။ထိုအထိအတွေ့သည် သေတာတောင် မမေ့ချင်လောက်အောင် နှလုံးသားထက် နေရာယူထားသည်။
အေးခဲနေတဲ့ နှင်းစက် ပွင့်ဖတ်ထဲ ကိုယ်မင်းကို ခဏထားခဲ့ချင်သည်။ဘာကြောင့်လဲ အဖြေကတော့ သိပ်ရှင်းသည်။ ကိုယ် မင်းကို သေတာတောင် လက်မလွှတ်နိုင်ဘူး ညီ ။
ပွင့်ဖတ်လေး မကြွေကျခင် အရည်မပျော်အောင် ကိုယ်နှင်းအဖြစ်ခံမယ် ထာဝရ အေးခဲခံမယ် ထာဝရ နှင်းစက်ပွင့်ဖတ်အဖြစ်ခံမယ်။ ကိုယ့်ရင်ခွင်ထဲ ပျော်အောင် နေလှည့်ပါ Masochism....