မိုးသောက်ယံရဲ့ အလှဟာ ကမ္ဘာကို ငြိမ်းချမ်းစေသလား ပူလောင်စေသလား
ပုစွန်ဆီရောင် နေမင်းရဲ့ တောက်ပချိန်နဲ့ညှိုးချိန်သည် မနက်နဲ့ ညနေ ဖြစ်လေသလို အချစ်တစ်ခုနဲ့ ပျော်ရွှင်ချိန်နဲ့ ကွဲကွာချိန်ကရော နေထွက်ချိန်နဲ့နေဝင်ချိန် လိုမျိုးလား..ညနေ ၆နာရီ လောက်တွင် ခရီးတစ်ခုကို စီစဉ်ပြီးထွက်လာခဲ့ရသည်။ တစ်လမ်းလုံး တစ်ခုခုအမှားအယွင်း ဖြစ်သွားမလား ကြောက်ရွံ့စိတ်ကြောင့် လိုအပ်တဲ့ ဆေးဝါးအစုံအညီကိုလဲ မမေ့အောင် ထည့်ထားရသေးသည်။ အိပ်ရာကနိုးထဲက ဘာစကားမှ မပြောသော နေမခ ကြောင့် နေခ စိတ်ထဲ လေးနေရသည် နေမကောင်းဘူးလား ..? ပင်ပန်းနေတာလား ? ဒါမှ မဟုတ် ဘာစိတ်ညစ်စရာတွေရှိလို့လဲ ..?
အမြန်လမ်းက ခရီးသွားရတာ အရမ်း သတိထားရတာကြောင့် ညီ့ကို အရိပ်တကြည့်ကြည့် နဲ့ လှည့်ကြည့်ရတာ သိပ်အဆင်မပြေလှ။
""Honey နေမကောင်းဘူးဟင် ""
""ခရီးသွားရင် လမ်းကိုပဲ ကြည့်တတ်လို့ပါ ""
""ဘာလို့လဲ ညဘက်ကြီး မကြည့်ပါနဲ့ကွာ ""
""အင်း ""
ပြောပြီးတာနဲ့ သူ့ဘက်ကို အကြည့်လှည့်တာမလို့ နေခ ရင်ထဲတစ်မျိုး ဖြစ်သွားရသေးသည်။
""ဟာ Honey ကိုယ့်ကို အဲ့လိုကြီး ထိုင်ကြည့်မနေနဲ့လေ ကိုယ် ကားမောင်းရတာ အဆင်မပြေတော့ဘူး""
""RanCour ပဲ လမ်းကို မကြည့်နဲ့လေ""
""ရော် ဒါနဲ့ပဲ ကိုယ့်ကို ကြည့်နေတယ်ပေါ့""
""အင်း""
""ကဲ ဒါဆိုလဲ ကြည့်ကွာ""
""ကျွန်တော်လေ အချိန်အကြာကြီးထိ ကိုနေ့ နားပဲ နေချင်တာ ပြီးတော့လေ ကိုနေ အသက်ကြီးလာကိုလဲ မြင်ချင်တယ် ဆံပင်ဖြူတွေထွက်လာတာကိုရောပဲ""
""မြင်ရမှာပါညီရာ ဒီကနေ ပြန်တာနဲ့ ခွဲစိတ်ကြရအောင်နော် Honey""
""ခဏ အိပ်မယ် တစ်ယောက်ထဲ မောင်းလို့ အဆင်ပြေတယ်မလား""
""ဒါပေါ့ညီရာ""
""သီချင်း ခဏ ဖွင့်ထားမယ် ""
Moonlight Drawns by clouds ထဲက Gummy ရဲ့ OST song ကို ဖွင့်ထားပြီး ကျွန်တော့်မျက်စိ အစုံကို မှိတ်ချထားမိသည်။ ကျွန်တော် မြင်ခဲ့တယ် သူမငိုနေတာကိုး အမြဲ မျက်ရည်တွေဝဲနေပြီး နှုတ်ခမ်းက အမြဲ ပြုံးနေတဲ့ ကောင်မလေး တစ်ယောက် ငိုတတ်တယ်လို့ မထင်ထားခဲ့ဘူး။သူမ ငိုခဲ့တယ် ကျွန်တော့်အတွက် ကိုနေ့အတွက် သူမ မေမေအတွက် ....နောက်ဆုံးအချိန် ဖုံးကွယ်ထားချင်တဲ့ အမှန်တရားတစ်ခုကို သူမ လက်ကိုင်ထားသည်။ တကယ်ဆို ချစ်တယ် လို့ပြောလို့ရတယ် မသွားပါနဲ့ တားခွင့်ရှိတယ် ကျွန်တော့ကို စိတ်ဆိုးပိုင်ခွင့် ရှိရက်နဲ့ မောင်လေးဆိုတဲ့အသိနဲ့ အကုန် လက်လျှော့ပေးသွားတယ် ။
