ဝဏ္ဏမြေ၏ မနက်ခင်း အလှသည် တခြားနေရာတွေထက်ပင် ပို၍ လှသည်။ တချို့ချမ်းအေးသော နေ့တွေဆိုရင် ခပ်ဖွဲဖွဲကျနေသော နှင်းထုတွေကိုတောင် မြင်နေရသေးသည်။သီချင်း နားဆင်လိုတာ မလို့ ဘယ်သီချင်း နားထောင်ရမလဲ တွေးနေတုန်း နားကြပ်က ဘယ်ထားမိမလဲ မသိတာ ခက်ရပြန်သည်။
မနေ့ညက နားမထောင်ဖြစ်ဖူးလား မဟုတ်တာ နားထောင်ခဲ့ပါတယ် ကျွတ်စ် စိတ်ရူပ်စရာပဲကွာ...Vibrate သံ ထွက်လာတာကြောင့် ဖုန်းကို ယူကြည့်မိတော့ Caller name က ချစ်ရသူ
"ပြောလေ ကိုနေခ "
"ညီ ဒီနေ့ အချိန်ရရင် ဆေးရုံလာပါ့လား ဆေးစစ်ရအောင် "
"ဆေးစစ်ရအောင်???"
"ဟုတ်တယ် ညီ့ နှလုံးကို "
"မလိုပါဘူး ရပါတယ် ကျွန်တော် နှလုံးသားက ကျွန်တော် ချစ်ရသူရှိနေရင် အဆင်ပြေတယ် "
"ညီ ရယ် "
"ဘယ်အချိန် လာရမလဲ "
"ညီ အားတဲ့ချိန်လာခဲ့လေ"
နေမခသည် အမြဲ နေခစကားဆို ငြင်းဆန်လေ့မရှိချင်ဘူးဆိုတဲ့ အသိကြောင့် နေလည် ၁၁နာရီလောက်တွင် ဝဏ္ဏမြေ ဆေးရုံသို့ သူလိုက်လာခဲ့သည်။ ပထမ အခေါက် ရောက်ဖူးတဲ့အတွက် ဒုတိယအကြိမ်လာခြင်းတွင် ခဲယဉ်းမှုမရှိတော့။ သို့ပေမယ့် ပထမအခေါက်နဲ့ကွာခြားတာ တစ်ခုက ဓာတ်လှေကားထဲတွင် ခက်စိမ်းနွယ် အား မတွေ့ရခြင်းပင်။
"ဟက် မတွေ့ရတော့လဲ တစ်မျိုး ပါလား" နေမခရဲ့ ဦးတည်ရာသည် နေခရှိရာ ဆီသို့ပင်။ ၁၂လွှာ အရောက်တွင် အခန်းရှိရာသို့ လျှောက်နေရင်းမှပင် လမ်းတစ်လျှောက် အခန်းပိုင်ရှင် ဆရာဝန်တွေရဲ့ နာမည်တွေကို လိုက်ကာ ကြည့်နေမိသည်။ ထို့အထဲတွင် ခက်စိမ်းနွယ် မပါဝင်။ ကောင်းခြင်း ပေလားတော့ မသိပေမယ့်လဲ ဒီတစ်ခေါက်တွင်လဲ ခက်စိမ်းနွယ်သည် နေခနှင့် ဝေးရာတွင် ရှိနေပေးခဲ့ပြန်လေသည်။
အခန်းတံခါးကို ခေါက်ကာ အထဲမှ ခွင့်ပြုသံရဲ့ အဆုံးတွင် နေမခ အခန်းထဲသို့ ဖြေးညှင်းစွာ ၀င်လာခဲ့သည်။ အလုပ်စားပွဲထက် အလုပ်တွေရူပ်နေသော သူအား ငေးကြည့်မိပြန်တော့ အကြည့်နွေးနွေးတစ်ချက်ကို ပြန်လည်ရရှိခဲ့သည်။