အထီးကျန်ဆန်မှုတွင် လိုအပ်ချက်တွေ အများကြီး ကပ်ပါနေတတ်သည်။ ဥပမာ တစ်စုံတစ်ယောက်လောက်များ ကိုယ့်အနား ရှိနေရင် ကောင်းမယ် ဆိုတဲ့ အတွေးမျိုးကတော့ မပါမဖြစ်ပင် ပါတတ်သည်။ တစ်စုံတစ်ရာကို ပြောပြပြီး စိတ်လွတ်ကိုယ်လွတ် ငိုကြွေးပစ်ချင်ပေမယ့် မဖြစ်နိုင်တာမျိုးတွေလဲ ရှိတတ်သေးသည်။
ဒီလို လိုအပ်ချက်တွေကြောင့်လူတွေ ချစ်သူ ထားကြတာလား မသိဘူး ဆိုသော အတွေးတွေကလဲ ထပ်ကာထပ်ကာ ဝင်ဝင်လာသေးသည်။ လူတွေ ဝမ်းနည်းငိုကြွေးအထီးကျန်နေရင် ရင်ခွင်တစ်ခု ပခုံးတစ်စုံ လိုအပ်တယ် ဆိုတာမျိုး ကိုယ်တိုင် ကြုံရတဲ့အခါ ထိုရင်ခွင်တစ်စုံကို ရူးလောက်အောင် တမ်းတ မိသောလဲ မဖြစ်နိုင်သော ခံစားချက်သည် ကျွန်မ ခေါင်းထဲတွင် အကြိမ်ကြိမ် မြည်ဟည်းနေသည်။
ကျွန်မ ရဲတင်းစွာ ကျိန်ဆိုရဲတာကတော့ တစ်ခုတော့ရှိမည်။
ကိုနေ့ကို သတိရမိတာ လိုအပ်မိခြင်းဟာ ကလေးထဲက ရင်းနှီးလာသော အကိုတစ်ယောက်အား အဖေလိုရင်ခွင်တစ်ခုအား တောင့်တခြင်းပင်။
အမြဲ ငေးကြည့်နေလာခဲ့တဲ့ ကျောပြင် တစ်စုံက ကိုယ့်နား မရှိတဲ့အခါ ဟာတာတာ ဖြစ်သွားတာမျိုး ။အန်ကယ့်ဆီက တစ်ချို့သော စကားတွေသည် ကျွန်မ လက်ခံဖို့ သိပ်ခဲယဉ်းသည်။ကိုနေသာ ရှိရင် ပြောကောင်းပြောလိမ့်မည်။ တစ်ချိန်ချိန်ကျရင် ဒီဒဏ်ရာတွေဟာ အနာကျက်သွားပြီး လက်ခံဖို့လွယ်ကူသွားပါလိမ့်မယ် ။ ကိုနေသိဖို့က ကျွန်မ အဆင်မပြေဘူးဆိုတာပဲ ။ ကျွန်မ အကို တစ်ယောက်လို ကျွန်မ သတိရမိရင်တောင် HC တစ်ချိုရဲ့ ပြစ်တင် ပြောဆိုမှု ကို မခံနိုင်ပါ။
နောက်ဆုံးအနေနဲ့ ကိုနေ့ အခန်းကို ဝင်ကြည့်မိသည်။ လူမရှိပေမယ့် သန့်ရှင်းနေသော အခန်း ပြန့်နေသော ကုတင်ထက်မှ စောင်တွေ ခေါင်းအုံးတွေ စားကြည့်စားပွဲထက်မှ ဆေးစာအုပ် အထူကြီးတွေ လက်ရေးသော့သော့ရေးထားတာတောင် လှပနေသော လက်ရေးတစ်ချို့ရှိသော စာအုပ်တွေ ဘေးနားတွင် ရှိသော ကျွန်မ ဝယ်ပေးထားဖူးတဲ့ ပန်းအိုးထဲတွင် ပန်းဖြူလေးတွေပြည့်နေတဲ့ အလှပန်းအိုးလေး စာလုပ်ရင်း စိတ်ညီးညူလာရင် အပန်းဖြေနိုင်ဖို့ရာ ဖြစ်သည်။