||တိုက်ဆိုင်မှု မဆိုသာသော လွဲချော်မှု||

4.6K 460 30
                                    

ညနေအချိန်သည် ၆နာရီခွဲ အတိတွင်ဖြစ်သည်။ နှင်းနုနုတို့ ကျဆင်းနေချိန် ဖြစ်ပြီး အလုပ်ဆင်းခါနီး နေတာမလို့ ခက်စိမ်းနွယ်တစ်ယောက် လူနာတွေကြားမှ ဘယ်ကိုမှ သွားလို့မရနိုင်အောင် ဖြစ်နေပေသည်။

အနီးနားတွင် ရှိသော အသက်နဲ့ပင် မလိုက်အောင် ကင်ဆာကုထုံးတွေနဲ့ အသက်ရှင်ရသော ကလေးငယ် တစ်ယောက်ရှိသည်။ ထိုကလေးငယ်အား ချော့မြူနေရင်းမှ
ဖုန်းမှ message noti တက်လာ၍ ဖွင့်ကြည့်မိတော့ ကိုနေထံမှပင် ။ သူ့အိမ်ကို ညစာလာစားရန် ၈နာရီလောက် တဲ့။

"" ဒေါက်တာမမ ဘာလို့ အဲ့လောက် ပြုံးနေရတာလဲဟင် ""

""ဘာမှမဟုတ်နေပါဘူး ""

"" ဟိုဒေါက်တာလေးလဲ သားဆီမလာတာ ကြာပြီ ""

""သူအလုပ်တွေရူပ်နေလို့ပါ ""

""မမလဲ အလုပ်တွေရူပ်နေတာပဲဟာ""

""မတူဘူးလေ မမအလုပ်ရူပ်တာ လူနာလေးတွေအတွက် ကိုနေအလုပ်ရူပ်နေတာ သူ့ honey အတွက်""

""ဒေါက်တာလေးနဲ့မမက ချစ်သူတွေ မဟုတ်ဘူးလား""

""ပေါက်တတ်ကရတွေ မဟုတ်ပါဘူး ကွာ ""

""ဘာလို့ မဟုတ်တာလဲ! သားက မမတို့ကို သဘောတူတာ ဘယ်လောက်လိုက်ဖက်လဲ ""

""လောကမှာ ကိုယ်ဖြစ်ချင်တိုင်း ဖြစ်တာ သိပ်ရှားတယ် ကလေးရ်  ! ကဲ ထားတော့ ဒီနေ့ ကလေးအတွက်ည  တာဝန်ကျတဲ့သူ ဘယ်သူလဲ မသိဘူး ??"

ဘေးက ဆရာမထံသို့ မေးမြန်းလိုက်သည်။သို့ပေမယ့်..

""ကျွန်တော်ပါ စိမ်း""

တိုက်ဆိုင်မှုဟု ဆိုလျှင် မှားနိုင်မည်။ ထိုအသံ ထိုခေါ်ပုံမှာ သူတစ်ယောက်ပင် ရှိသည်။ မမှားနိုင်ပါလေ ။ ထိုသူကို မှားမည် ဆိုရင် သူမအတွက် သိပ်ကို တုံးအလွန်းရာ ကျနိုင်သည်။ အသံလာရာကို ကြည့်လိုက်တော့ မျက်နှာဖြူအသားဖြူဖြူနဲ့ လူတစ်ယောက် အရပ်သည် ၆ပေနားကပ်နေလောက်သည်။ အားကစားလိုက်စားမှုကြောင့် ဆရာဝန်တစ်ယောက်လို့ပြောတောင် ယုံရမလားမသိအောင် ကြွက်သားတွေမှာ တောင့်တင်းပြီး ကိုယ်လုံးကိုယ်ဟန်မှာ Duty coat ကြောင့် သိပ်ကို ပြည့်စုံနေသည်။ သွယ်တန်းသော မှင်နက်ရောင် မျက်ခုံးအစုံသည် သူရဲ့ ပြည့်စုံမှုကို ပံ့ပို့ပေးနေသယောင်ယောင်။ ဝိုင်းစက်သော မျက်ဝန်းအစုံသည် အရောင်တောက်ပနေသည်။ ဖြောင့်တန်းသော နှာတံမှာ ကြည့်၍ ကောင်းလွန်းသည်။ နီရဲသော နှုတ်ခမ်းအဆုံးမှာ အပြုံးနုနု ဆင်မြန်းထားသော ထိုကောင်လေးသည် တစ်ရေးနိုးထမေးတောင် ဖြေနိုင်သော သူပင် ဖြစ်သည်။ သူသည် တည်ငြိမ်လွင် ပင်။

| | နေ၍ လေ၍သာ လွမ်းတော့လေ | |Where stories live. Discover now