ယနေ့ညတွင် အရင်ညတွေထက် အချမ်းပိုနေတယ် ဟုထင်ရသည်။ နှင်းနုတွေကလဲ လှပသည်ထက်ပို၍ သည်းထန်စွာ ကျဆင်းနေသည်။ အအေးဓာတ်မခံနိုင်သော ညီ့အတွက် နေခသည် စိတ်ပူလျက်ရှိသည်။ ဘယ်မှ သွားစရာ မရှိတဲ့ ညီကို နှင်ထုတ်လိုက်မိခြင်းအတွက် နောင်တသည် နှလုံးအိမ်ထက် ပူပြင်းစွာ လောင်ကျွမ်းနေသည်။ ညီနဲ့ ပတ်သက်တာနဲ့ ဆို့နင့်လာတဲ့ နှလုံးအိမ်ဟာ ချစ်တဲ့သူကို မရွေးချယ်လို့ ပြစ်ဒဏ်ပေးနေသလားဟုထင်နေရသည်။
ညီကို ရွေးချယ်တဲ့အခါ နုနယ်တဲ့ကလေးငယ်ဟာ ပတ်ဝန်းကျင်ရဲ့ လက်ညှိုးထိုးမှု ပြောဆိုမှု စော်ဘွားတွေရဲ့ အမွေဖြတ်မှုတွေ အကုန်စုခံရတော့မှာ အသေအချာပင်။
ဒါပေမယ့် တစ်ခါတစ်ခါ နှလုံးသားက ညီ့ဆီ လမ်းညွှန်တိုင်း နေခသည် ခက်၏ လက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။ သူ့ကို လွတ်ထွက်မသွားစေရန် ကူညီရန်ပင်။""ကိုနေ နှင်းတွေက တအားကျနေတယ် တော်တော်လဲ အေးနေတယ် စောနက နေမခ မှာ အနွေးထည်လဲ မပါဘူး ထွက်သွားတာ ကြာပြီ စိတ်ဆိုးတာလဲ ဆိုးတာပေါ့ အရမ်းကြာနေရင် တစ်ခုခုဖြစ်နေမယ် ဖုန်းဆက်ကြည့်ပါလား ""
ခက်၏ စကားအဆုံးတွင် နေခသည် စိတ်မထိန်းနိုင်စွာ ညီ့ဆီ ဖုန်းခေါ်မိသည်။ ဖုန်းမှာ စက်ပိတ်ထားသည် ဆိုသောကြောင့် နှင်းတွေကြားထဲ ချွေးတွေပင်ပြန်လာသလိုလို
""စက်ပိတ်ထားတယ်တဲ့ သူ အလင်္ကာတို့အိမ်ပဲ သွားမယ် ထင်တယ် ""
""အင်း ခဏသွားရှာ ကြည့်မလား ""
""ဖြစ်လား အဲ့လို လုပ်လို့""
""ဖြစ်တာပေါ့ ကိုနေရ လာသွားရအောင်လေ""
ရှေ့ကနေ ဦးဆောင်ပြီး ကားဆီသွားနေသော နေခကို ကြည့်ကာ ခက် ပြုံးလိုက်မိသည်။
အဲ့လို ကိုယ် ဘာလုပ်ချင်သလဲ သေချာဆုံးဖြတ်တတ်စမ်းပါ ကိုနေ
°•°•°•°•°•°•°•°•°•°•°•°•°•••°•°•°•°•°•°•°•°•°•°•°•°•°••°•°•••°••°
Knock Knock Knock
တံခါးခေါက်သံရဲ့ အဆုံး ကျွန်မရင်တွေပင် မြန်ဆန်လာသလို ကျေးဇူးပြုပြီး ရှိနေပါ ကလေး ဒီမှာပဲ ရှိနေပါစေ...တံခါးလာဖွင့်ပေးသော သူကြောင့် ကျွန်မ မျက်ဖြူပါ လန်ချင်ချင်ဖြစ်သွားရသည်။