မရောက်တာ ကြာပြီဖြစ်သော ဝဏ္ဏမြေသည် အရင်တုန်းကနှင့် ကွာခြားမှု မရှိ၊ ပြောင်းလဲမှုမရှိ၊ အရင်ကအတိုင်း နှင်းဆီပန်းနံ့တွေသာ သင်းနေမြဲဖြစ်သည်။
လမ်းတွေလဲ ရှင်းလင်းနေဆဲဖြစ်သည်။ အလွမ်းတွေလဲ လတ်ဆတ်နေဆဲပင်။.....နှင်းဆီဖြူရုံအား ခက်သေဆုံးမှု ကြော်ညာသောနေ့မှ စ၍ ပိတ်ထားခဲ့သည်မှာ ယခုနဲ့ဆို ၅နှစ်နဲ့၅မြောက် ခြံစောင့်အလုပ်သမားတွေ၏ စောင့်ရှောက်မှုကြောင့် မပျက်မယွင်း ရှိနေစမြဲပင်။....
ထိုနေရာ ကို ရောက်တိုင်း တွေးမိသည်မှာ
တိုက်ဆိုင်မှု တစ်ခုသာ မရှိခဲ့ပါက ...
ငါ့ အမြင် အာရုံတွေသာ မကောင်းခဲ့ပါက
ငါ့နှလုံးသားဟာ မုန်းတတ်ပါက
ငါ့မျက်ဝန်းတွေဟာ ထိုအရာကို မစွဲလန်းခဲ့ပါက...
||နေ၍ လေ၍သာ လွမ်းတော့လေ||
ခြံထဲ တွင်လာမိသည်နဲ့ မျက်ဝန်းတို့၏ ဦးတည်ရာမှာ တစ်ဖက်တိုက်ဆီသို့ ခြံထဲတွင် စာအမြဲကျက်တတ်သော ညီမလေးအား ပြန်မြင်လာမိသယောင်။
""ဖေဖေ ""
ကျန်းမာသန်စွမ်းလှသော ဖေဖေပင် ဆံနွယ်တစ်ချို့နေရာတွင် အဖြူရောင်တို့နေရာယူခဲ့ပြီ။ မာန်တင်းတတ်သော မေမေပင် အုတ်ဂူ ဖြူလေးထက် မှေးစက်ခဲ့ပြီ။ အဖိုးနဲ့အဖွားပင် ရိပ်သာကုတင်ထက် မှေးစက်၍ နေခဲ့လေပြီ။ ဖေဖေ တစ်ယောက်ထဲ နေရတာ အထီးကျန်ဆန်လိုက်မယ့် ဖြစ်ခြင်းပါလေ။
""သား ပြန်လာတာ စောလိုက်တာ ဖေဖေ လာကြိုတော့မလိုပဲ ""
""ရတယ် ဖေဖေ ဒီတိုင်း သားလဲ အချိန်ရတာနဲ့ စောပြန်လာတာ""
""ခဏနားလိုက်အုံးလေ""
""ခက်ရဲ့ မေမေအကြောင်း ပြောပြပါလားဖေဖေ""
""လာ အရင် အိမ်ထဲ ဝင်ပါအုံးကွာ""
ဧည့်ခန်းထဲက ထိုင်ခုံတွင် ဖေဖေနဲ့အတူ ထိုင်မိသည်နှင့် ဖေဖေ စကားဆက်လေသည်။
""ခက်ရဲ့မေမေက ဖေဖေ့ရဲ့အတွင်းရေးမှူးပါ မင်းမေမေရဲ့ငယ်သူငယ်ချင်း မင်းအမေက အရမ်းကို အတ္တကြီးတယ် သဝန်တိုလွန်းတယ် အမြဲဖေဖေနဲ့စွပ်စွဲတယ် ဒါမယ့် သူကဖေဖေ့သူငယ်ချင်း သိက္ခာမျိုးနွယ်ဝင်က သားနဲ့ချစ်ကျွမ်းဝင်နေကြတယ် တစ်နေ့သူတို့ကိုယ်ဝန်ရလာတော့ ဖေဖေတို့သူငယ်ချင်း၂ယောက်သိပ်ဝမ်းသာတယ် ဒါမယ့် ဘာမှ သေချာမသိတဲ့သားမေမေက တရုတ်ကပြန်လာတော့ ကိုယ်ဝန်သည်ခက်မေမေကိုတွေ့ခဲ့တယ် အဲ့အချိန် ခက့်ကိုမွေးဖို့ဗိုက်နာနေတဲ့အချိန်ပဲ မင်းအမေ အထင်လွဲပြီး ခက်ကို ခိုးယူပြီး မိဘမဲ့ဂေဟာကို ပို့ခဲ့တယ် နောက် ခက်မေမေကတော့ခက်သေပြီထင်ပြီး နိုင်ငံခြားထွက်သွားတယ် မကြာခင်မှာ နေမခလေးကို မွေးတယ် ဒါမယ့် သိတဲ့အတိုင်း စော်ဘွားမျိုးနွယ်တွေက သားယောက်ျားလေးဆို အရမ်းလိုချင်ကြတာ အဲ့တော့ တရားစွဲပြီး ပြန်ယူထားကြတယ် ကံကောင်းရှာပါတယ် နေမခလေး ပျော်ပျော်ရွှင်ရွှင်ချမ်းချမ်းသာသာလေး မွေးလာတယ် ခက်ကိုလဲ သားကို ပြုစုစောင့်ရှောက်ခိုင်းထားပြီး မင်းအမေက သူ့အပြစ်ကျွေးကို ဆပ်နေရှာတာ ဒါမယ့် သားလုပ်ရပ်က သူ့ကိုယ်သူ ပိုအပြစ်တင်စေပြီး အဲ့စိတ်နဲ့ပဲ သားမေမေဆုံးသွားတာ တစ်နေ့ခက်လဲ ဖေဖေ့ဆီရောက်လာပြီး ဒီအကြောင်းတွေမေးသွားတယ် ""