"နေမခ"
"မမ "
"အမလေးကြည့်ပါအုံး ငါ့မောင်လေး ချောလာလိုက်တာ ဟွန်း အိမ်မှာ သိမ်းထားချင်စရာလေး "
"မမ ကို ငယ်တကယ် သတိရနေတာ"
ကျွန်တော် မမကို နွေးထွေးစွာ ပွေ့ဖက်ထားမိသည်။ ကျွန်တော် မမကို သိပ်လွမ်းပါသည်။ မတွေ့ရတာ ၅နှစ်တောင် ကြာခဲ့လေပြီ။ မမ အရင်ကထက်ကိုပင် ပိုချောလာပါသည်လေ။ ဘေးတွင် သူ့အမျိုးသား အက္ခရာဝဏ္ဏသည် ကိုနေခနဲ့ ခပ်ဆင်ဆင်ပင် တူချင်သလိုလို အရပ်တွေကတော့ နှစ်ယောက်လုံး မိုးထောင်အရပ်တွေ ၆ပေချည်းပင်။ အဲ့တာတွေ မကြိုက်တာ တကယ် သိပ်အရပ်ရှည်တဲ့ အမျိုးနွယ်တွေ ခက်စိမ်းနွယ်ဆိုလဲ မိန်းကလေးတန်မဲ့ အရပ်က ၅ပေ ၅ ကဲကြည့် သာမန်ယောက်ျားလေးတစ်ယောက်ထက် ရှည်တဲ့အရပ်ကြီး
သူဒေါက်ဖိနပ်စီးလိုက်ရင်ကို ကိုနေခနဲ့ မတိမ်းမယိမ်း တကယ်ပဲ ဒေါသထွက်ဖို့ကောင်းလိုက်တာ ဆိုတာလေ ။ကျွန်တော့်အရပ်မှာ ၅ပေ၄ သူမထက် အရပ်မဆိုသလောက်လေးပုနေသလို ကိုနေခထက် ခေါင်းတလုံးပုနေလေသည်။ ဘယ်နှယ့်ကြောင့် ဒင်းတို့တွေ အဲ့လောက် ရှည်နေကြတာလဲ။ မမ အလင်္ကာဆို သူ့ယောက်ျား ရင်ဘတ်နားပဲ ရှိသည်။
"ခု ဘယ်နား တည်းသလဲ မမ တို့အိမ်လိုက်ခဲ့လေ "
"ကိုနေခ က အခန်းပေးနေတယ် "
"ဘယ်လို နေခက လား သူ့အိမ်မှာလား"
"မဟုတ်ပါဘူး သူ့တိုက်ခန်းမှာ အကျယ်ကြီးပဲ "
"ညီက နေမခကို သူ့အခန်းကို ပေးနေတယ် "
မမရဲ့ခင်ပွန်းဖြစ်သူမှ ၀င်မေးလာသောကြောင့် ကျွန်တော် မှာ ထူးဆန်းနေသလိုလို
"ဟုတ် ဟုတ်ပါတယ် "
"ဟားဟား မေ ရေ ညီတော့ တကယ်ကြီးနဲ့ တူပါတယ်ကွာ "
"ကိုကလဲ ကလေးတွေ အကြောင်း သေချာလဲ မသိပဲနဲ့ ရမ်းမပြောနဲ့ နေခက ခက်ကလွဲ သူ့အတွေးထဲ သူစိမ်းတွေ သိပ်ထည့်တာ မဟုတ်ဘူး အဲ့အခန်းကလဲ သူက ခက်အတွက် ရည်ရွယ်ထားတာ ခက်နဲ့သူရဲ့ မင်္ဂလာအိမ် ဆိုပြီး သူကိုယ်တိုင် ပြောထားတာ ခုက နေရာ မရှိလို့ နေမှာပါ"