အမှန်တရားတစ်ချို့သည်။ ခါးသည်။ လက်ခံနိုင်ဖို့ သိပ်ခဲယဉ်းသည်။ ခက်ခဲသလောက်လဲ ပင်ပန်းသည်။
||နေ၍ လေ၍ သာလွမ်းတော့လေ||
ထိုနေ့သည် ငါတို့တွေ အားလုံး ကြိုးစားခဲ့ရသော နေ့တစ်နေ့ဆိုရင်လဲ မမှားချေ။ လွန်ခဲ့သော ၁ရက်လောက်ကမှ ရုတ်ချည်းပြန်လာသော တည်ငြိမ်လွင်အား စိတ်ဆိုးချင်ပေမယ့်လဲ မဆိုးနိုင်ခဲ့။ ညီ့အား သူ့လက်ထဲ အပ်ထားရမည်မလို့ ဘာစကားနဲ့မှ စကားနာမထိုးနိုင်သေးချေ။
ခွဲစိတ်ခန်း ဝတ်စုံသည် ညီနဲ့ တော်တော်ပင် ကြည့်ရဆိုးသည်။ ချိုင့်ကျနေသော မျက်ဝန်းတွေသည် တောက်ပလွန်းသော မျက်ဝန်းတွေနဲ့ ဆန့်ကျင်ဘက် ဆန်လွန်းလှသည်။ ဆေးရုံကော်ရစ်တာတစ်လျှောက် တွင် ညီရဲ့ မိဘတွေ ဆွေမျိုးသားချင်းတွေ ရောက်နေသောလည်း ညီကတော့ ထုံးစံအတိုင်း ပေးမတွေ့။
""ညီ ကိုယ်စောင့်နေမယ်နော်""
""မမခက်ရောဟင်""
""ခက်က တရုတ်မှာတဲ့ ညီ ""
""ဖုန်း ဖုန်းဆက်လို့ရနိုင်မလား""
""ဟင့်အင်း မရဘူး ညီ""
""ကျွန်တော်လေ စိတ်ထဲ တစ်မျိုးကြီး ဖြစ်နေတယ် ဘာဖြစ်နေမှန်းမသိဘူး""
""ဒါ စိတ်လူပ်ရှားတာနေမှာ ညီ မကြောက်ပါနဲ့ အရာအားလုံး အဆင်ပြေသွားမှာပါ""
""အကယ်၍ အကယ်၍များ ကျွန်တော် သတိမရလာတော့ရင်လေ ကိုနေ ၁နှစ်ကျော်လို့မှ မရရင် လက်လွှတ်ပေးပါ""
""ဘာတွေပြောနေတာလဲ ညီ ကိုယ် မကြိုက်ဘူးနော် ""
""ကိုနေ အစွဲအလမ်း ကြီးတာ မကောင်းဘူး""
""ကိုယ်သွားတော့မယ်ညီ အချိန်ကျပြီ""
နဖူးထက် အနမ်းဖွဖွခြွေကာ ကျောခိုင်းသွားသော သူအားကြည့်ကာ ရင်ထဲစို့နင့်လာရပြန်သည်။ ဒီနေ့ ဒီနေ့ရောက်ဖို့အတွက် ကျွန်တော်တို့အများကြီး ဖြတ်ကျော်ခဲ့ရသည်။ နာကျင်မှုတွေအများကြီး ရှိရက်နဲ့ မြိုသိပ်ရင်း ၄ယောက်လုံး ကြိုးစားခဲ့ရသည်။ဒီနေ့သည် နာကျင်မှုတွေ အဆုံးသတ်မည့်နေ့ဖြစ်သည်။