||100%||

4.9K 499 18
                                    

ဆေးစစ်ချက် သည် 50% သာ ကိုက်ညီ နေခဲ့သည်။ ကိုနေ ဘာမှ မပြောခင်ထဲက အရင်ဆေးကြိုစစ်ထားခဲ့သည်။
ကိုက်ညီမှု 50% ဆိုရင် အသက်ရှင်နိုင်မှုလဲ နည်းနိုင်ပေသည်။ အကယ်၍ သူ့နှလုံးက အကုန်မပျက်စီးဘူး ဆိုရင် ကောင်းမယ် မဟုတ်သေးဘူး ကျွန်မ ဘာတွေ တွေးနေမိတာလဲ ဘယ်လို လုပ်ရမလဲ နှလုံး တစ်ခုလုံးက ကျွန်မနဲ့ မကိုက်ညီ နေရင် ငယ်လေးကို ဘယ်လို ကယ်ရမလဲ ???

"ခက်စိမ်းနွယ်?"

အသံလာရာသို့ မော့ကြည့်မိတဲ့ အခိုက်အတန့် တွင် ဦး သျှားထွတ်သိက္ခာကို တွေ့လိုက်ရသည်။ သူသည် ကျွန်မ ဖခင် အရင်းပင်။ ယခုရောက်လာသည်မှာလဲ နေမခ ကြောင့်ပင် ဖြစ်နိုင်သည်။

""ခက်စိမ်းနွယ်လား သမီး ?""

""ဟုတ်ပါတယ်..အန်ကယ် ""

""အန်ကယ့် နာမည်က သျှားထွတ်သိက္ခာပါ ""

""ဟုတ်ကဲ့ ကြားဖူးပါတယ် ""

""အလင်္ကာ့ဆီကလား ""

""ဟုတ်ကဲ့""

"" တောင်းပန်ပါတယ် လာမရှာနိုင်ခဲ့လို့ ""

""အဲ့အတွက် ပိုကျေးဇူးတင်တာပါ အန်ကယ် ကျွန်မရဲ့ အေးချမ်းတဲ့ ဘ၀ကို ဝင် မစွပ်ဖက်လို့""

""ပထမဆုံး တွေ့ဆုံခြင်းမှာ ဒီလို စကားပြောလို့ အားနာပေမယ့် နှလုံးကိုက်ညီသူ ရှာတွေ့နိုင်မယ် မလား""

""ဟုတ်ကဲ့ တွေ့နိုင်ပါတယ် ""

""နေမခနဲ့ တူနိုင်တဲ့သူက ၂ ယောက်ပဲ ရှိတာ အဲ့တာ သမီးနဲ့သမီး မေမေ ""

""မေမေ?""

""ဟုတ်တယ် ""

""ခဏလေး ကျွန်မ အမေက သေသွားပြီမဟုတ်လား ဘယ်လို ဖြစ်လို့ ""

""သမီး မေမေ မသေပါဘူး ဒါမယ့် သားငယ်ကို မီးဖွားရင်း ဆုံးသွားတာ ""

""ရှင် !"

""သမီးကို သေသွားခဲ့တယ်လို့ ထင်ခဲ့ကြပြီး သမီးမေမေက နိုင်ငံခြားကို အပြီးထွက်သွားခဲ့တာ ဦးရဲ့ တရားဝင် ဒုတိယ ဇနီးပါ ""

""ဒါဆို နေမခက ""

""သမီးရဲ့ မောင်လေး အရင်းပါ""

""ဟား တကယ် ရယ်ရတာပဲ ပထမကလေးတောင် တာဝန်မယူနိုင်ကြပဲ ဒုတိယ ကလေး ထပ်ယူကြတယ် အဲ့ကလေးကို ကျွန်မ အမေဆီက လုယူထားပြီး သိက္ခာမျိုးနွယ်ဝင် ပြောင်းလိုက်တယ် သိပ်တစ်ကိုယ်ကောင်းဆန်ကြတာပဲ ""

| | နေ၍ လေ၍သာ လွမ်းတော့လေ | |Where stories live. Discover now