1

2.4K 170 6
                                    

Unicode

သူဆိုသော "Wu Yifan" ကို မေ့ကြဦးလိမ့်မည် မထင်ပါ။
ကျွန်တော်ကလည်း သူငယ်ချင်းများနှင့် တွေ့တိုင်း သူ့အကြောင်းကိုသာ အများဆုံးပြောဖြစ်ခဲ့သည်။
အဓိကအားဖြင့်တော့ သူ့ကို ဘယ်လောက်ချစ်ကြောင်း၊ သူနှင့်အတူ ဖြတ်သန်းခဲ့သော အမှတ်တရများအကြောင်း။

နောက်ပိုင်းကျတော့ ကျွန်တော်သူ့အကြောင်း မပြောဖြစ်ခဲ့တော့။
ပြောရန်အင်အားလည်း မရှိတော့၍။
တစ်ဖက်က သစ္စာမဲ့လာသော ဆက်ဆံရေးတစ်ခုကို ဖြတ်တောက်ခဲ့တာ ကျွန်တော့်အမှားလေလား?
ကျွန်တော်ပိုင်ဆိုင်သမျှတွင် ပိုက်ဆံပြီးလျှင် ဒုတိယအပေါများဆုံးဖြစ်နိုင်မည့် မာနတွေကို မျက်ကွယ်ပြု၍ အချစ်ကိုရှေ့တန်းတင်ကာ ချစ်ခဲ့၍ ကွဲအက်လာသော ကိုယ့်နှလုံးသားကို ဥပေက္ခာမပြုနိုင်တော့တာကို အပြစ်မမြင်စေချင်ပါ။
သို့သော် ကျွန်တော့သူငယ်ချင်း တချို့ကတော့ ကျွန်တော့လုပ်ရပ်ကို မှားသည်ဟုဝေဖန်သည်။
တချို့ကတော့ ကျွန်တော့ဘက်မှ ထောက်ခံနှစ်သိမ့်ပေးခဲ့လေသည်။

- ပေးဆပ်ခြင်းသည် အချစ်ဖြစ်နိုင်သော်လည်း ပေးဆပ်ရသည်မှာ ကိုယ့်နှလုံးသားပင် ဖြစ်နေသောအခါ ဘယ်လောက်ကြာကြာ ပေးဆပ်နိုင်တော့မှာလဲ? -

တကယ်တော့ သူနှင့်ကျွန်တော့်အကြောင်းကို ကျွန်တော်၏အချစ်ဆုံး ငယ်သူငယ်ချင်းဖြစ်သော Byun baekhyunသာ သေချာသိ၍ ကျွန်တော်သူ့ကို ဘယ်လောက်ချစ်ကြောင်းကိုလည်း ထိုbaekhyunသာ ကိုယ်ချင်းစာ၍ခံစားပေးနိုင်ဆုံး ဖြစ်ခဲ့သည်။
ကျွန်တော်သူ့ကို စတင်ချစ်မိသည်မှစ၍ လမ်းခွဲစကားပြောခဲ့သည်အထိ baekhyunသာ ကျွန်တော့်ကိုအကြံဉာဏ်ပေး၍ အနားမှာရှိနေပေးခဲ့သည်။

ယောကျ်ားလေးနှစ်ယောက်ကြား၌ ဖြစ်ပေါ်လာသော အချစ်ဆိုသည်ကို လူတွေလက်မခံနိုင်သေးသော အချိန်က...။
ကျွန်တော်သူ့ကို စတင်ချစ်မိခဲ့သည်။
သူသည်ကျွန်တော့်အား ညီအဖြစ်သာ သဘောထား၍ ချစ်ခင်မှုရှိခဲ့သည်။
ကျွန်တော်ကလည်း သူ့ကိုချစ်မိပေမယ့် အဆင့်တက်ရန် မကြိုးစားခဲ့။
သို့သော်၊ ကံကြမ္မာ၏အလှည့်အပြောင်းကြောင့် နှင်းများဖွဲဖွဲကျနေသော novemberလ၏တစ်ရက်တွင် သူ့ကိုဖွင့်ပြောမိလေသည်။
"ချစ်မိရင်အရှုံးပဲ" ဟုအမြဲပြောနေကျ ကျွန်တော်သည် သူ့ရှေ့မှောက်တွင်တော့ အစွယ်ချိုးခံထားရသော မြွေတစ်ကောင်နှယ် ခစားခဲ့လေသည်။

ပုံပြင်မဆန်သောပုံပြင်Where stories live. Discover now