Part-1

2.6K 130 2
                                    

ဝုန်း!!!!

စားပွဲပေါ်မှပစ္စည်းအားလုံးလွှင့်ကျသွားသံနှင့်အတူထွက်ပေါ်လာသည်ကChanyeol၏ဒေါသသံ

Yeol-"တောက်!ငါကိုယ်တော်လိုဘုရင်တစ်ပါး ကိုတောင်ပြောရဲတဲ့အဆင့်ရောက်နေပြီပေါ့လေ။အမတ်ချုပ်ကြီး...ခင်ဗျားတော်တော်လေး အင်အားကြီးလာပြီထင်နေတယ်ပေါ့။"

အထိန်းတော်-"စိတ်ကိုလျှော့ပါမင်းကြီး။အမတ်ချုပ်ကြီးကအင်အားကြီးလာပေမယ့် မင်းကြီးကိုတော့မယှဉ်နိုင်ပါဘူး။"

Yeol-"အင်း...ဒါနဲ့...Chen.."

Chen-"အမိန့်ရှိပါမင်းကြီး။"

Yeol-"ညီတော်လေးကော?နေကောင်းရဲ့လား?စာတွေကောကောင်းကောင်းသင်နေရဲ့လား?"

Chen-"မင်းသားလေးကစာတွေလည်းကောင်း ကောင်းသင်ပြီးပျော်လည်းပျော်ရွှင်နေပါတယ် မင်းကြီး။"

Yeol-"အင်း..အဲဒါဆိုငါကိုယ်တော်ကျေနပ်ပါတယ်။ညီတော်ကိုစိတ်မချဘူး။သူကအရမ်းနုနယ် သေးတယ်။"

Chen-"သူလည်းရင့်ကျက်လာမှာပါမင်းကြီး။"

Yeol-"သူ့ကိုသေချာစောင့်ရှောက်ပေးပါအထိန်းတော်Chen"

Chen-"အမိန့်တော်မြတ်အတိုင်းပါမင်းကြီး။"

အပျော်မယ်ဂေဟာတွင်-

အပျော်မယ်၁-"နင်တို့မင်းသားလေးအကြောင်းကြားဖူးကြလား။"

၂-"ကြားဖူးတာပေါ့။သူ့အကြောင်းကိုလူတိုင်းသိ ကြတယ်။"

၃-"ပြောစမ်းပါအုံး။"

၁-"မင်းသားလေးကိုအပြင်မှာသိပ်မတွေ့ဖူးကြ ဘူး။သူကစာပေသမားလေ။တွေ့ဖူးတဲ့သူတွေ ပြောကြတာကတော့မင်းသားလေးကပန်းလေး တွေထက်တောင်လှသေးတယ်တဲ့။"

၂-"မြို့တော်ထဲကမိန်းမပျိုလေးတွေအားလုံးထက်ကိုချောတယ်ဆိုပဲ။"

၃-"တကယ်!!!"

၁-"အင်း...ဥာဏ်ပညာနဲ့ပြည့်စုံပြီးအရမ်းသိမ်မွေ့တဲ့သူတဲ့။"

၂-"ပြီးတော့သူမတီးတတ်တဲ့တူရိယာဆိုတာလုံးဝမရှိဘူး။သူ့လက်ချောင်းလေးတွေကလည်း မိန်းမပျိုလက်လေးတွေထက်လှတယ်ဆိုပဲ။"

နှင်းပွင့်တို့ကိုသက်သေတည်၍ (Completed)Where stories live. Discover now