Part-29

626 70 4
                                    

Jung Kookအိမ်ပြန်ရောက်တော့ တစ်အိမ်လုံးပွလန်ကာ ပစ္စည်းတွေအကုန် ရိုက်ခွဲခံထားရပြီး ကြမ်းပြင်ပေါ်မှာလဲ အကုန်ပြန့်ကျဲနေတာကြောင့် ၁၀စက္ကန့်လောက် Kookမတ်တတ်မေ့သွားမိလေသည်။

သတိပြန်ဝင်လာတော့မှ ရဲစခန်းကိုဖုန်းဆက်အကြောင်းကြားပြီး အိမ်ထဲကို ဝင်လာခဲ့လေသည်။

လူရှိမရှိသေချာအောင်စစ်ဆေးနေရင်း မီးဖိုချော်ထဲရောက်တော့ ကြမ်းပြင်ပေါ်တွင် သွေးအလိမ်းလိမ်းဖြင့် လဲနေသော Arjumaကို တွေ့လိုက်ရလေသည်။

Jung Kookလည်း အပြေးအလွှားဆွဲပွေ့ထားလိုက်ပြီး Arjuma၏ ပုခုံးနှစ်ဖက်ကို လှုပ်ရမ်း၍ သတိပြန်ရလိုရငြား နှိုးနေမိလေသည်။

Kook-"Arjuma! Arjuma! Arjuma!"

ဖုန်းကို ထပ်ခေါ်လိုက်ပြီး-

Kook-"ဆေးရုံကားလွှတ်ပေးပါ။"

Kook သုံးခါလောက်လဲခေါ်ပြီးရော Arjumaမျက်လုံးတွေပွင့်လာလေသည်။

Kook-" Arjuma...သတိရလာပြီးလား?ခဏနေရဲတွေရောက်လာတော့မှာ။ဆေးရုံကားလည်း ခေါ်ထားတယ်။"

Arjumaက အားအင်ဖျော့တော့စွာဖြင့်-

Arjuma-"ကျွန်မအတွက်အချိန်သိပ်မကျန်တော့ဘူး...ကျွန်မမှာခဲ့ချင်တာက Taeလေးအတွက် အန္တရာယ်မကင်းသေးဘူးလို့။ပြီးတော့....ကျိန်စာ...ကျိန်စာအကြောင်း မင်းကြီးကို ပြောလိုက်ပါ။"

Kook-"Arjumaဘယ်လိုသိ...."

Arjuma-"အစောင့်အရှောက်တစ်ယောက်လို့ပဲ မှတ်ထားပေးပါ။ကျွန်မသွားရတော့မယ်..."

Kook-"Arjuma!Arjuma!..."

Arjumaမျက်လုံးတွေအပြီးတိုင်ပိတ်သွားပြီး လောကကြီးကနေထွက်ခွာသွားလေပြီ။ဒါပေမယ့် သူမ လိုလူက သေသွားတိုင်းအဆုံးသတ်သွားတာ မဟုတ်ပါဘူး....

ထိုအချိန်မှာပဲ ဖုန်းဝင်လာလေသည်။

Kook-"Hello..."

LSM-"Jung Kook....မတွေ့ရတာတောင် ကြာပြီနော်..."

ဟုLee Soo Manက ကျေနပ်နေသည့်အသံဖြင့် စကားကို တစ်လုံးချင်းပြောလာလေသည်။Kookထိန့်လန့်စွာဖြင့် ဖုန်းနံပါတ်ကို ကြည့်တော့ အများသုံးဖုန်း။

နှင်းပွင့်တို့ကိုသက်သေတည်၍ (Completed)Where stories live. Discover now