Part-4

1.1K 95 3
                                    

အရင်အပိုင်းဇာတ်လမ်းအကျဉ်း-

Jung Kookရဲ့စာလေးကTaeဆီရောက်သွားခဲ့ ပါတယ်။Yeolရဲ့မိဖုရားBaekမှာလည်း ကိုယ်ဝန်ရှိလာခဲ့ပါတယ်။တစ်နေ့...နတ်ဆရာမ ShinဆီTaeတို့သွားလည်တုန်းလုပ်ကြံသူတွေ ရောက်လာပါတယ်။သူတို့ကိုခေါ်လာဖို့တာဝန် ပေးခံရတာကတော့Jung Kookပါပဲ။

❄❄❄❄❄❄❄❄❄❄❄❄❄❄❄

ရုတ်တရက်တံခါးကိုဖောက်ထွက်၍မြားတစ်စင်းဝင်လာလေသည်။

Shin-"လုပ်ကြံသူတွေရောက်နေကြပြီ။"

Tae-"ဒါဆိုဘယ်လိုလုပ်ကြမလဲ။"

Shin-"အိမ်နောက်ဘက်ကနေထွက်လိုက်ပါ။ ပြီးတော့...ဒါတွေဝတ်သွားလိုက်။"

Tae-"ဟမ်.."

Shin-"အချိန်မရှိတော့ဘူး။အမြန်ဝတ်သွားလိုက်ပါ။"

Taeလည်းစိတ်ညစ်ညစ်နှင့်နတ်ဆရာမShin ပေးလိုက်သောမိန်းကလေးအဝတ်များကိုဝတ် ကာအိမ်နောက်ဘက်မှထွက်လာခဲ့တော့သည်။ အိမ်မှအထွက်တွင်-

Xiu-"မင်းသားလေး..ဒီလမ်းအတိုင်းသွားပါ။ ပြီးတော့လမ်းမကြီးကနေသွားပါ။ကျွန်တော် သူတို့ကိုမျှားခေါ်သွားမယ်။ဂရုစိုက်ပါနော်။ခါတိုင်းကျွန်တော်တို့ထွက်လာနေကြနေရာမှာ စောင့်နေပါ။"

Tae-"ကောင်းပြီ။"

ထိုအချိန်-

လုပ်ကြံသူခေါင်းဆောင်-"သခင်လေးတာဝန်ကျေပါပြီ။"

Kook-"ကောင်းပြီ။ငါသွားတော့မယ်။"

Taeလည်းလန့်လန့်နှင့်သွားနေရင်းလမ်းကြား တစ်နေရာအရောက်Kookနှင်တွေ့လေသည်။

Kook-"မိန်းကလေး..တစ်ယောက်ထဲထွက်လာ ပြန်ပြီလား။ဒီနေ့တော့မိန်းကလေးလိုဝတ်လာ တယ်နော်။"

Tae-"အာ...အင်း။"

Tae pov<ငါတော့ဒုက္ခပါပဲ။>

Kook-"အန္တရာယ်များတယ်။ကျွန်တော်လိုက်ပို့ ပေးမယ်။"

Tae-"ရပါတယ်။မလိုပါဘူး။"

သူတို့ရောက်ရှိနေသောလမ်းကြားသည်ကျဉ်း၍ ချောင်လည်းကျသည်။လရောင်အနည်းငယ်က တော့လမ်းကြားထဲထိုးဖောက်လျက်ရှိနေသည်။ လမ်းထဲရှိအိမ်များမှာလည်းဝန်းထရံတို့မရှိ။

နှင်းပွင့်တို့ကိုသက်သေတည်၍ (Completed)Where stories live. Discover now