Part-5

1.1K 93 2
                                    

အရင်အပိုင်းဇာတ်လမ်းအကျဉ်း-

လုပ်ကြံသူတွေလက်ထဲကနေTaeကိုKookက ကယ်ခဲ့ပါတယ်။အနမ်းတစ်ခုလဲတည်ဆောက်ခဲ့ ကြပြီးTaeရဲ့နာမည်ကိုပါKookသိခွင့်ရခဲ့ပါတယ်။ဒါပေမယ့်Xiuminရဲ့ကောင်းမှုနဲ့KookကTaeကို မိန်းကလေးလို့ပိုထင်သွားခဲ့ပါတယ်။ပြီးတော့ TaeကKookကိုချစ်နေတာကိုXiuminကသိသွား ခဲ့ပါတယ်။

❄❄❄❄❄❄❄❄❄❄❄❄❄❄❄

Xiu-"ကျွန်တော်မှမသိတာကို။မင်းသားလေးက သူ့ကိုစိတ်ထဲရှိနေတာလား?"

Tae-"ဟင်!!"

Xiuပြောလိုက်သောစကားကြောင့်ဓားကိုပစ်ချ လိုက်ကာTaeတစ်ယောက်ငုတ်တုတ်မှိုင်နေမိ လေသည်။

Xiu-"ဟုတ်တယ်မလား။မင်းသားလေးတို့ အကြည့်တွေကိုတွေ့ကတည်းကသိနေတယ်။"

Tae-"ဟင်း...ငါလည်းစိတ်ကိုထိန်းနေတာပဲ။"

Xiu-"မင်းသားလေးလည်းသိပြီးသားဖြစ်မှာပါ။ မင်းကြီးသာသိသွားရင်ဘယ်သူဒုက္ခရောက်မလဲဆိုတာ။မင်းသားလေးကြောင့်သူအသက် အန္တရာယ်ပါရှိနိုင်တယ်။ပြီးတော့သူကမင်းသားလေးကိုမင်းသားမှန်း သိလား။"

Tae-"သူကငါ့ကိုမိန်းကလေးထင်နေတာ။"

Xiu-"အဲဒါကြောင့်ပဲ။သူသာမင်းသားလေးက ယောက်ျားလေးဆိုတာသိသွားရင်မင်းသားလေးကိုချစ်ပါတော့မလား။"

Tae-"ဟုတ်တယ်။သူချစ်မယ့်သူကမိန်းကလေး တစ်ယောက်ပဲဖြစ်ရမှာပေါ့။"

Xiu-"မင်းသားလေးပဲခံစားရမှာပါ။"

Tae-"အင်း။ငါကြိုးစားပြီးမေ့ကြည့်ပါ့မယ်။သူက ယောက်ျားလေးတစ်ယောက်ကိုတော့ဘယ်ချစ်ပါ့မလဲ။"

ထိုတစ်ညလုံးမျက်ရည်တွေနဲ့Taeအိပ်မပျော်ခဲ့ဘူးဆိုတာကတော့Taeကိုယ်တိုင်ပဲသိလေသည်။

ထိုအချိန်တွင်Kimအိမ်တော်၌-

Min-"တောက်!မင်းတို့တွေဒါလေးတောင် ဖြစ်မြောက်အောင်မလုပ်နိုင်ကြဘူးလားဟမ်.. မင်းသားလေးတစ်ယောက်ကိုတောင်ရှာမတွေ့ ကြဘူးလား။ဒါဆိုလည်းပစ်မှတ်ကိုပြောင်းရုံရှိ တာပေါ့။မင်းကြီးကိုတိုက်ခိုက်ဖို့အတွက်ဘေးက အတက်အလက်တွေအရင်ရှင်းရမှာပေါ့။"

နှင်းပွင့်တို့ကိုသက်သေတည်၍ (Completed)Donde viven las historias. Descúbrelo ahora