Part-28

672 82 7
                                    

Puppy Cafèလေးထဲ coffeeနံ့လေးက သင်းပျံ့လို့နေသည်။Yeolသိပ်လွမ်းနေရတဲ့ ထိုမိန်းကလေးကတော့ ဧည့်သည်တွေနဲ့ ရယ်မောကာ စကားပြောနေလေသည်။

အပြာနုပေါ်မှာမှ အဖြူ ရောင် ဒေါင်လိုက်စင်းလေးတွေပါသော Shirtအင်္ကျီကို တံတောင်ဆစ်အောက်နာအထိ ခေါက်ထားပြီး  စကတ်ဒူးလောက်အတို အဖြူ ရောင်လေးဝတ်ဆင်ထားကာ ဖြောင့်စင်းသော ဆံပင်ပျော့ပျော့လေးတွေကို လျော့လျော့လေး ထုံးထားလေသည်။Chanyeolကို မြင်တော့ လက်လှမ်းပြလိုက်ပြီး သူ့ဆိုင်က စားပွဲထိုးမလေးကို Yeolကို ထိုင်ဖို့နေရာပေးရန် ပြောလိုက်လေသည်။

Yeolတစ်ယောက်စားပွဲမှာထိုင်ရင်း Americanoတစ်ခွက်မှာယူလိုက်သည်။ထို coffeeကို Baekက လာချပေးရင်း သူလည်း မျက်နှာချင်းဆိုင်ထိုင်ခုံမှာထိုင်လိုက်လေသည်။Baekလက်ထဲမှာလည်း ကော်ဖီတစ်ခွက်နှင့်။coffeeကို ငုံ့သောက်နေတုန်း။

Yeol-"Baekကိုချစ်တယ်။"

Baek-"အဟွတ်...အဟွတ်...အဟွတ်..."

ဆိုင်းမဆင့်ဘုံမဆင့်ကြီး ဖွင့်ပြောတာကို ကြားလိုက်ရတော့ ရင်ခုန်သံတွေမြန်လွန်းပြီး Baekတစ်ယောက် coffeeသီးသွားလေတော့သည်။

Chanyeolလည်း ပြာပြာသလဲနှင့် Baekလက်ထဲက coffeeခွက်ကိုယူကာ စားပွဲပေါ်ချလိုက်လေသည်။စားပွဲပေါ်က ရေခွက်ကိုအမြန်ယူလိုက်ကာ Baekကိုတိုက်လိုက်ရင်းBaekရေသောက်နေတာကို ထိုင်ကြည့်နေမိသည်။

အဲ...ထိုင်ကြည့်တယ်ဆိုပေမယ့် သူလည်း စိတ်တွေလွတ်ပြီး သူ့ခုံသူပြန်မသွားဘဲ Baekရှေ့မှာ ဒူးတစ်ဖက်ထောက်ကာ ထိုင်နေမိလေသည်။

Yeol-"အဆင်ပြေရဲ့လား?"

ရေခွက်ကို စားပွဲပေါ်ချပြီးYeolကိုကြည့်လိုက်တော့ သူ့မျက်ဝန်းတွေမှာ စိုးရိမ်မှုအပြည့်နှင့်။Baekရင်ထဲမှာ နွေးထွေးမှုနှင့် လွမ်းဆွတ်မှုကို တပြိုင်နက် ခံစားလိုက်ရလေသည်။ဒီမျက်ဝန်းတွေကို သူအကြာကြီးစောင့်နေခဲ့ရသလိုမျိုးခံစားနေရသည်။

Baek-"ပြေပါတယ်။"

ထိုအချိန်Chanyeolက အိတ်ထဲက ကတ္တီပါဘူးလေးကို ထုတ်လိုက်ပြီး ဖွင့်လိုက်ကာ-

Yeol-"ကိုယ့်ချစ်သူ ဖြစ်ပေးနိုင်မလား?"

ဆိုင်ကစားသောက်သူတွေဆီက အံ့ဩသံတွေ ရုတ်တရက် ဆူညံသွားပြီးမှ အပ်ကျသံပင်ကြားရလောက်အောင် တိတ်သွားပြန်လေသည်။ထို့နောက်-

နှင်းပွင့်တို့ကိုသက်သေတည်၍ (Completed)Tempat cerita menjadi hidup. Temukan sekarang