Part-22

726 68 5
                                    

ဖုန်းcontactထဲက နံပါတ်တစ်ခုကိုကောက်နှိပ်လိုက်ပြီး-

Yeol-"လူတစ်ယောက်ကိုစုံစမ်းချင်လို့ပါ။"

ထို့အတူပင်Lee Soo Manသည်လည်း Jung Kookကိုရှာဖွေလေတော့သည်။

//////////နှင်းပွင့်တို့ကိုသက်သေတည်၍

Jimin၏ကားလေးကဂေဟာလေးဆီသို့ ဦးတည်လိုက်လေသည်။ဂေဟာထဲကို ဝင်ဝင်ချင်းမှာပဲခြေလှမ်းတွေရပ်တန့်သွားခဲ့ရလေသည်။
ဂါဝန်အဖြူ လေးနဲ့ ဆံပင်လေးကိုချထားသော သူမ။ဆေးရုံမှာတွေ့ရတဲ့ပုံစံက အေးစက်နေပေမယ့် အခုတော့ အရမ်းပျော်နေပြီး ပြုံးရယ်နေတဲ့သူမ။နေရောင်အောက်မှာ လင်းလက်နေသောသူမ။
Jiminတစ်ယောက်အိပ်မက်များမက်နေသလားတောင်ထင်နေမိသည်။သူ့ခြေထောက်တွေက မြေကြီးနဲ့မထိတော့သလို။နှလုံးသားကလည်း ရင်ဘတ်ကိုဆောင့်ဆောင့်ကန်နေသလားမှတ်ရသည်။ဒါကိုသာရင်ခုန်ခြင်းလို့သတ်မှတ်ပြီး အချစ်တွေအစပျိုးရမည်ဆိုလျှင်ဖြင့်....

ကြောင်တောင်တောင်နှင့်ရပ်နေသော Jiminကိုတွေ့တော့ Yoongiသူ့နားကို သွားလိုက်လေသည်။

လေတိုက်လိုက်တိုင်း ဆံနွယ်လေးတွေကလူးလွန့်လျက်။ဖြည်းဖြည်းချင်းလျှောက်လှမ်းလာတဲ့သူမက နတ်သမီးလေးများလား....ဆံနွယ်စလေးတွေကိုလက်လေးနဲ့သပ်ပြီး နားနောက်ကိုထည့်လိုက်တော့ Jiminရင်ထဲ လိပ်ပြာအကောင်တစ်ရာလောက်များပျံသန်းသွားလေသလား.....

Gi-"Jimin-shi..."

Jimin-"aww...ဟုတ်ကဲ့။"

Gi-"ပန်းချီလာသင်တာလား?"

Jimin-"ဟုတ်ပါတယ်။ဒါနဲ့Yoongiက..."

Gi-"ဒီနေ့တွေမှာကျွန်မလာနေကြလေ။အလုပ်ကလည်းသိပ်မများတာနဲ့လာဖြစ်သွားတာပါ။"

Jimin-"Aww...ဒီနေ့နားရက်ထင်တယ်။"

Gi-"ဟုတ်တယ်။နားရက်တွေက အတည်တကျတော့မရှိပါဘူး။"

Jimin-"Yoongiအားတဲ့နေ့တစ်ရက်လောက်အပြင်မှာတွေ့လို့ရမလား?"

တကယ်တော့ Jiminဘက်က ချဉ်းကပ်ဖို့ကြိုးစားတာဖြစ်ပေမယ့် Yoongiကတော့ ရိပ်မိပုံမပေါ်။

Gi-"တွေ့ကြတာပေါ့။နောက်တစ်ပတ် တနင်္လာနေ့တော့ နေ့လည်ပိုင်းအားပါတယ်။တစ်ဆိုင်ဆိုင်မှာ နေ့လည်စာသွားစားကြတာပေါ့။"

နှင်းပွင့်တို့ကိုသက်သေတည်၍ (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ