Part-33

682 63 10
                                    

Yeol-"Hello.."

တစ်ဖက်မှ-

"Hello...Park Chanyeolလားမသိဘူးရှင့်.."

Yeolလည်းကြောင်သွားပြီး-

Yeol-"ဗျာ!?ဟုတ်ပါတယ်။"

"ကျွန်မက Puppy Cafèမှာအလုပ်လုပ်နေတဲ့ ဝန်ထမ်းပါ။ရှင့်ကို Coffeeလာလာချပေးတဲ့သူလေ။မှတ်မိလား?"

Yeol-"ဟုတ်ကဲ့။မှတ်မိပါတယ်။"

"Baek Unnieကရှင်နဲ့ အတူရှိနေတာလား?"

Yeol-"မဟုတ်ပါဘူး။ဘာလို့လဲ?"

"ဒီနေ့ကျွန်မအလုပ်လာတော့ ဆိုင်ကပိတ်ထားတယ်။Unnieက ဘယ်တော့မှ ဒီလိုမလုပ်တတ်ဘူး။သူ့ကိုဖုန်းဆက်ကြည့်တော့ ဖုန်းပိတ်ထားတယ်။အိမ်ကိုလိုက်သွားတော့လည်း အိမ်က သော့ခတ်ထားတယ်။"

Yeol-"ဟုတ်လား?ကျွန်တော်ဆက်သွယ်ကြည့်လိုက်ပါ့မယ်။"

"ဟုတ်ကဲ့။ကျေးဇူးတင်ပါတယ်။"

ဖုန်းချသွားတော့ Yeolစိတ်ပူသွားမိလေသည်။Baekဖုန်းကိုဆက်ကြည့်တော့တကယ်ပင် ဖုန်းကပိတ်ထားတာဖြစ်လေသည်။

Yeol-"Kris-shi...တစ်ခုခုတော့မှားနေပြီထင်တယ်။"

Krisက Baekဆိုင်နားက CCTVတွေကို စစ်ကြည့်တော့ Baekလည်းTaeလိုပဲ Busကားမှတ်တိုင်ဘက်ကူးသွားပြီးမှ ပျောက်သွားခြင်းဖြစ်လေသည်။Baekအိမ်အပြန်လမ်းတစ်လျှောက်CCTVတွေမှာကြည့်တော့ Baekအိမ်ပြန်လာတာကို မတွေ့ရ။

Kris-"တောက်!ငါတို့ကို အယောင်ပြသွားပြီး လှည့်စားသွားတာကွာ။"

Yeolစိတ်တို့ဆောက်တည်ရာမရဖြစ်မိလေသည်။Taeကိုဒုက္ခပေးမယ်ထင်လို့ အသည်းအသန်ကာကွယ်ပြီးမှ Lee Soo Manပစ်မှတ်ထားတာက Taeမဟုတ်မှန်း နောက်ကျမှသိရလေသည်။Lee Soo Manဆင်ထားသော ထောင်ချောက်ထဲကို Yeolကျရောက်သွားခဲ့ရလေပြီ။

ယမန်နေ့ည Puppy Cafèပိတ်ချိန်...

Baekတစ်ယောက်ဆိုင်လေးပိတ်ပြီး Busကားမှတ်တိုင်ဘက်ကို ကူးလာလိုက်လေသည်။Busကားကိုစောင့်နေတုန်း ရှေ့ကဖြတ်သွားတဲ့ လူတစ်ယောက်ဆီက ပိုက်ဆံအိတ်ကျကျန်ခဲ့တာကိုBaekတွေ့ရလေသည်။ညနေ၅နာရီခွဲလောက်ဖြစ်တာကြောင့် လူမပြတ်ပေမယ့် ဆောင်းတွင်းကြောင့် မှောင်ရီပျိုးစပြုကာ ပတ်ဝန်းကျင်ကခပ်ဝါးဝါး ဖြစ်နေလေသည်။

နှင်းပွင့်တို့ကိုသက်သေတည်၍ (Completed)Donde viven las historias. Descúbrelo ahora