Part-30

668 73 10
                                    

Jimin-"ကျွန်တော်တို့ မနက်ဖြန်တွေ့လို့ရမလား?"

Yoongiစိတ်ကို အတတ်နိုင်ဆုံးထိန်းပြီး ပြန်ဖြေလိုက်လေသည်။

Gi-"တွေ့ကြတာပေါ့။ညနေ၃နာရီလောက် Cafèမှာ တွေ့ကြမယ်လေ။"

Jimin-"ဒါဆိုမနက်ဖြန်မှတွေ့မယ်နော်Yoongi-shi..."

Gi-"ဟုတ်ကဲ့ပါ။"

Jiminဖုန်းချပြီးတော့ တွေးနေမိသည်။သူကကော Yoongiအတွက်ဘယ်လိုလူ ဖြစ်နိုင်မလဲ?အချစ်က သူမ အတွက်ခါးသီးနေမယ်ဆိုရင်တောင် သူကချိုမြိန်စေနိုင်သူ ဖြစ်နိုင်ပါ့မလား?တခြားလူတွေကို အမုန်းတွေနဲ့မြင်နေရင်တောင် သူ့ကိုတော့ မမုန်းဖို့မျှော်လင့်နေမိသည်။Yoongiရင်ထဲတွင် သူ့အတွက်နေရာလေး တစ်ခုရှိမည်ဟုလည်း ထင်ထားမိလေသည်။အဲဒါကြောင့်....မနက်ဖြန် သူဖွင့်ပြောဖြစ်မည်ထင်သည်။

ထိုအကြောင်းတွေကိုတွေးရင်း Jiminတစ်ယောက် ရင်ခုန်လိုက် စိုးရိမ်လိုက်ဖြင့် တစ်ညလုံးအိပ်မပျော်ခဲ့ပါ။

နောက်တစ်နေ့-

Promise Cafèတွင်-

ဒီနေ့က တခြားနေ့တွေနဲ့မတူ။နှစ်ယောက်လုံးတိတ်ဆိတ်နေလျက်။ထိုတိတ်ဆိတ်မှုကို Yoongiက စတင်၍ ဖြိုခွဲလိုက်လေသည်။

Gi-"သင်တန်းကဘယ်လိုလဲ?အခြေအနေကောင်းရဲ့လား?"

Jimin-"ကောင်းပါတယ်။ကလေးတွေကလည်း လိမ္မာကြတယ်။"

Gi-"ဒါနဲ့...ကျွန်မကိုတွေ့ချင်တဲ့ အကြောင်းအရင်းက?"

JiminကYoongiကိုမကြည့်ဘဲ စားပွဲကိုသာကြည့်နေလျက်-

Jimin-"ကျွန်တော်...Yoongiကို...ပြောစရာရှိလို့။"

Gi-"အင်း..."

JiminကိုYoongiအကဲခတ်လိုက်တော့ Jiminမျက်လုံးတွေကလည်း ဂနာမငြိမ်ဖြစ်နေပြီး လက်ချောင်းတွေကိုလည်း တစ်ဖက်နှင့်တစ်ဖက် ယှက်ကာလိမ်နေလေသည်။

Gi pov<သူဘာတွေဖြစ်နေတာလဲ?>

Jiminလည်း မျက်လုံးနှစ်ဖက်ကိုမှိတ်ကာ သက်ပြင်းကိုချ...စိတ်ကို လျှော့ထားလိုက်ပြီး Yoongiကို သေသေချာချာစိုက်ကြည့်လိုက်လေသည်။ထို့နောက်-

Jimin-"ကျွန်တော်Yoongiကို ချစ်တယ်။"

Gi-"ရှင်!"

Jiminဆီမှ မမျှော်လင့်ထားသော စကားကို ကြားလိုက်ရတာကြောင့် Yoongiအံ့ဩသွားမိသည်။ထို့နောက်....သူမ တွေးလိုက်မိတာက-

နှင်းပွင့်တို့ကိုသက်သေတည်၍ (Completed)Dove le storie prendono vita. Scoprilo ora