Part-34

693 68 11
                                    

LSM-"မင်းချစ်သူကိုပဲဒုက္ခပေးမယ်ထင်ထားတယ်ပေါ့။ဒီနေရာကိုတစ်ယောက်တည်းလာကတည်းက မင်းတော်တော်လေးတုံးလို့ပဲ။သတ်မယ့်သတ် မင်းကိုအရင်သတ်မှာကွ...ဟားဟားဟား..."

ထို့နောက် Lee Soo Manက သူ့အိတ်ထဲက ဓားမြောင်ကို ထုတ်လိုက်လေသည်။Yeolက အမြန်ထလိုက်ရင်း Lee Soo Manရဲ့ လွှဲခုတ်ချက်တွေကို ရှောင်နေရလေသည်။လက်ကလည်း တော်တော်နာနေသည်မို့ သိပ်မလှုပ်နိုင်တော့။

ထိုသို့တိုက်ခိုက်နေရင်း Yeolက Les Soo Manအငိုက် ခြေထောက်နှင့် Lee Soo Man၏ ရင်ဘတ်ကို ကန်ပစ်လိုက်လေသည်။Lee Soo Manလွင့်ကျသွားပြီး လက်ထဲကဓားလည်း လွတ်ကျသွားလေသည်။ထို ဓားကိုပြန်ကောက်ဖို့ကြံတော့ Yeolက ဓားကိုကန်ပစ်လိုက်လေသည်။

Lee Soo Manက ပြန်ထလိုက်ရင်း ပြန်တိုက်ခိုက်ကြပြန်လေသည်။Yeolက တိုက်ခိုက်နေကျလူမဟုတ်လေတော့ ကြာကြာခံနိုင်ရည်မရှိ။Yeolမောလာကာ လှုပ်ရှားမှုတွေလည်း နှေးလာလေသည်။Lee Soo ManကYeolကို ကန်ပစ်လိုက်တော့ Yeolလွင့်ထွက်သွားပြီး နံရံနှင့်ကျောပင် ဆောင့်မိသွားလေသည်။နံရံကိုမှီကျသွားပြီး ထိုင်လျက်လဲနေတုန်း Lee Soo Manက ဓားကို ပြန်ကောက်လိုက်လေသည်။

Yeolထဖို့ ကြိုးစားနေပေမယ့် အားမရှိတော့။မြင်ကွင်းတွေလည်း ဝေဝါးနေပြီး Lee Soo Manကိုတောင် ကောင်းကောင်းမမြင်နိုင်တော့ပေ။

LSM-"သေပေတော့။"

Yeolကို အင်္ကျီလည်ပင်းကနေ လက်တစ်ဖက်တည်းနှင့်ဆွဲမလိုက်ပြီး ဓားနှင့် ထိုးလိုက်ချိန်မှာတော့...

"ဒုတ်"

နောက်ကနေ တုတ်နှင့်လွှဲရိုက်ခြင်း ခံလိုက်ရ၍ Lee Soo Manလဲကျသွားလေတော့သည်။

ရိုက်လိုက်သူကKris...

Yeol-"အချိန်ကိုက်ပဲ။"

Kris-"ဓားနဲ့ထိုးမိသွားသေးလား.."

Yeol-"ထိုးမိခါနီးလေးပဲ။"

Yeolအားမရှိတော့သည့်ကြားမှ Baekဆီပြေးသွားရင်း ကြိုးတွေဖြည်ပေးလိုက်လေသည်။ထို့နောက် Baekကို ဖက်ထားရင်း-

Yeol-"ဆုံးရှုံးရပြီထင်နေတာ။တောင်းပန်ပါတယ်Baek...ကိုတောင်းပန်ပါတယ်။"

နှင်းပွင့်တို့ကိုသက်သေတည်၍ (Completed)Where stories live. Discover now