Part-35,Final Episode

1.6K 100 25
                                    

သူ့ဆီကို ဦးတည်လာတဲ့ ဓားသွားကို မြင်လိုက်တာနဲ့ Yoongiရှေ့ကိုပြန်လှည့်ပြီး မျက်စိကို မှိတ်ထားလိုက်မိသည်။သို့ပေမယ့် သူ့နောက်ကျောကို နာကျင်မှုအစား နွေးထွေးမှုတစ်ခုက ကျရောက်လာလေသည်။သိုင်းဖက်လိုက်တဲ့လက်တွေနဲ့ အနောက်က အုပ်ကျလာတဲ့ ရင်းနှီးတဲ့မျက်နှာကြောင့် Yoongiအံ့ဩသွားမိသည်။

Gi-"Jimin-shi..."

Jimin-"အ!"

Lee Soo Manရဲ့ လျင်မြန်တဲ့ ဓားချက်တွေက Jiminရဲ့ကျောပြင်တစ်ဝိုက်ကို လျင်လျင်မြန်မြန် ထိုးဖောက်သွားလေသည်။

"တစ်ချက်"

"နှစ်ချက်"

"သုံးချက်"

Jiminအရမ်းနာကျင်နေတယ်ဆိုတာကို Yoongiကိုဖက်ထားတဲ့ လက်မောင်းတွေရဲ့ တင်းကြပ်မှုကနေတဆင့် Yoongiသိလိုက်ရပါတယ်။Jiminကတော့ ဘယ်လောက်ပဲနာကျင်နေပါစေ Yoongiခန္ဓာကိုယ်လေးကို သူ့ရင်ခွင်ထဲမြှပ်နေအောင်ဖက်ထားဆဲ။

ရုတ်တရက်ဆိုတော့ ရဲတွေလည်း ခဏကြောင်နေပြီးမှ Lee Soo Manကို ဝိုင်းဆွဲရလေတော့သည်။Lee Soo Manလည်း အားရအောင်ရုန်းကန်ပြီးမှ ငြိမ်ကျသွားတော့သည်။လုံးဝကို ငြိမ်ကျသွားတာကြောင့် လည်ပင်းကသွေးကြောကို စမ်းကြည့်လိုက်တော့ အသက်မရှိတော့။ဦးခေါင်းမှဒဏ်ရာကနေ သွေးထွက်လွန်သွားခြင်းဖြစ်လေသည်။

တဖြည်းဖြည်းနှင့်Jiminလက်တွေပြေလျော့လာတော့မှ Yoongiလည်း သတိပြန်ဝင်ပြီး Jiminကိုဖက်ထားမိသည်။

Gi-"သတိထားပါအုံး!"

Jimin-"ကျွန်တော်အရမ်းအိပ်ချင်တယ်။"

Gi-"အရမ်းနာနေလို့လား?အိပ်လို့မဖြစ်ဘူးနော်။ရှင့်မျက်လုံးတွေကို မမှိတ်လိုက်ပါနဲ့။"

Jimin-"မသိတော့ဘူး...ကျွန်တော်သွားရတော့မယ်ထင်တယ်။"

အရမ်းတိုးလျနေတဲ့ Jiminရဲ့စကားသံတွေကို အာရုံစိုက်နားထောင်နေရင်း လက်ကလည်း Jiminနောက်ကျောကိုစမ်းမိတော့-

Gi-"ဟင်!"

Yoongiကမ္ဘာကြီးတစ်ခုလုံးအမှောင်ကျသွားသလို ခံစားလိုက်ရပြီး ရင်ဘတ်ထဲကလည်း ထိုးအောင့်လာလေသည်။သူမ လက်တွေစမ်းမိလိုက်တာက...Jiminနောက်ကျောက ဒဏ်ရာတွေ.... ထိခိုက်ထားတဲ့နေရာတွေက အသက်အန္တရာယ်မထိခိုက်လျှင်တောင် အကြောတွေသေသွားနိုင်သည်။ Jiminကျောပြင်ကနေ သူမ လက်ဝါးတွေကိုခွာပြီး ကြည့်လိုက်တော့ သွေးတွေကလက်တစ်ခုလုံးစိုစွတ်နေလေသည်။
Jimin-"ကျွန်တော်..Yoongiကိုချစ်တယ်။"

နှင်းပွင့်တို့ကိုသက်သေတည်၍ (Completed)Where stories live. Discover now