Part-23

779 85 8
                                    

Kookနှုတ်ခမ်းနားသို့ Taeလက်လေးရောက်ခါနီးမှာပဲ.....

Kookမျက်လုံးတွေပွင့်လာလေတော့သည်။Taeလည်းလန့်သွားပြီးလက်ကိုပြန်ရုတ်မယ်လုပ်တော့ Kookက သူ့လက်တစ်ဖက်နှင့် ပြန်ဆွဲထားလိုက်လေသည်။Taeမျက်လုံးများကတော့ပြူးကျယ်လျက် Kookကိုနားမလည်စွာကြည့်နေလေသည်။
ထိုအခါKookကပြုံးလိုက်ရင်း Taeလက်ချောင်းသွယ်သွယ်လေးတွေကို အမြတ်တနိုးနမ်းရှိုက်လိုက်တော့ Taeမျက်နှာလေး ပန်းရောင်သန်းသွားပြီးနှုတ်ခမ်းပါးလေးကနေ အပြုံးတစ်ခုပွင့်လန်းလာလေသည်။

Kookက Taeကို အမြတ်တနိုးကြည့်ရင်း-

Kook-"Vလေးကို ချစ်တယ်။"

Kookစကားအဆုံးမှာပဲ Taeပါးစပ်လေးဟသွားကာ"ဟင်"ဟူသော စကားတစ်လုံးသာထွက်သွားပြီး Jung Kookကိုသာကြောင်ကြည့်နေမိလေသည်။
ကြောင်ကြည့်နေသောTaeကိုကြည့်ရင်း Kookလည်းနှလုံးခုန်သံတွေမမှန်တော့။

Kook pov<ဘာလို့အဲလောက်ချစ်ဖို့ကောင်းနေရတာလဲTaeရယ်...>

ခဏလောက်ကြောင်နေပြီးတော့မှTaeဆီက အသံတိုးတိုးလေး ထွက်ပေါ်လာလေသည်။

V/Tae-"Vလေးလည်း...Kookကို...ချစ်ပါတယ်။"

ဟုပြော၍ မျက်နှာကြီးနီရဲကာ ခေါင်းငုံနေလေသည်။Kookကတော့အပျော်လုံးတွေဆို့ပြီး ပါးစပ်ကနားရွက်တက်ချိတ်တော့မတတ် ပြုံးနေလေသည်။Kookထထိုင်လိုက်ပြီး-

Kook-"တကယ်ပြောတာလား?"

Taeကခေါင်းသာငြိမ့်ပြနေလေသည်။ဆိုဖာပေါ်ကနေအောက်ကိုဆင်းလိုက်၍ ဒူးထောက်ထိုင်နေသော Taeကိုဖက်ထားလိုက်လေသည်။Taeကတော့ ရှက်ရှက်နှင့်Kookရင်ခွင်ထဲကိုခေါင်းလေးအပ်ထားလေသည်။Taeခေါင်းလေးကို ခပ်ဖွဖွနမ်းလိုက်ပြီး-

Kook-"ကျေးဇူးတင်ပါတယ်။ကို့ကိုပြန်ချစ်ပေးလို့။"

တစ်ဖက်မှာလည်း-

Yeol-"Hello..."

"Kim Jung Kookဆိုတဲ့လူအကြောင်းကို စုံစမ်းလို့ရခဲ့ပါပြီ။အချက်အလက်တွေကို ဒီညလွှဲပေးလိုက်ပါ့မယ်။"

Yeol-"ကောင်းပါပြီ။"

Yeol pov<ငါ့ညီမလေးကို Oppaအကောင်းဆုံး ကာကွယ်ပေးသွားမှာပါ>

နှင်းပွင့်တို့ကိုသက်သေတည်၍ (Completed)Where stories live. Discover now