Part-12

940 79 6
                                    

ယခင်အပိုင်းဇာတ်လမ်းအကျဉ်း-
TaeကောKookကောXiuminကောသေဆုံး သွားခဲ့ပါတယ်။နတ်ဆရာမShinကလည်း Yeolကိုစိတ်ဆိုးပြီးကျိန်စာတိုက်ခဲ့ပါတယ်။

❄❄❄❄❄❄❄❄❄❄❄❄❄❄❄

နတ်ဆရာမShinနန်းတော်မှအထွက်ကြင်ယာတော်Seo Jinနှင့်တွေ့လေသည်။

Shin-"စကားပြောရအောင်။"

ဤသို့ဖြင့်နတ်ဆရာမShin၏အိမ်သို့ကြင်ယာတော်Seoရောက်ခဲ့လေသည်။အိမ်တွင်-

Shin-"မင်းသားလေးဘာတွေဖြစ်ခဲ့တာလဲ။"

Jin-"သူတော်တော်ခံစားခဲ့ရတယ်။တစ်ချိန်လုံး Jung Kookဆိုတဲ့နာမည်ကိုပဲတတွတ်တွတ် ရွတ်နေခဲ့တာ။သူအစာလည်းသိပ်မစားဘူး။ညဘက်တွေလည်းမအိပ်ဘူး။တစ်ခါတလေဆို မြေအောက်ခန်းကအလင်းဝင်ပေါက်လေးကို ငေးပြီးမျက်ရည်တွေကျနေရှာတာ။သူအရမ်း အထီးကျန်ခဲ့ပါတယ်။နံရံတွေကိုကုတ်ခြစ်ထား လို့လက်တွေမှာအမြဲဒဏ်ရာတွေနဲ့။သူ့ကိုကြည့်ပြီးကျွန်မခဏခဏမျက်ရည်ကျမိတယ်။မင်းကြီးကိုလည်းအရမ်းစိတ်နာတယ်။မင်းသားလေးကိုတစ်ခါလေးတောင်လာမတွေ့ ခဲ့ဘူး။မိဖုရားBaekကတော့ခဏခဏလာတွေ့ တယ်။ဒါပေမယ့်မင်းသားလေးကအတွေ့မခံ ဘူး...အခုတော့သူငြိမ်းချမ်းသွားပါပြီ..အဟင့်.."

ပြောရင်းနှင့်ပင်ကြင်ယာတော်Seo Jin ငိုကြွေးမိလေသည်။

Shin-"သူတို့နှစ်ယောက်ကအရမ်းသနားဖို့ ကောင်းပါတယ်။ဘာလို့များအပြစ်မရှိတဲ့သူတို့ ကိုခွဲပစ်ရတာလဲကွယ်။ကံကြမ္မာကြီးက ရက်စက်လွန်းပါတယ်။"

Jin-"Kim Jung Kookနဲ့မင်းသားလေးက..."

Shin-"အရမ်းချစ်ကြတဲ့သူတွေပေါ့။အချစ်အတွက်နဲ့အသက်ကိုတောင်စွန့်သွား ခဲ့ကြတာ။"

Jin-"သူတို့အချစ်ကတကယ့်ကိုနက်ရှိုင်းလွန်းပါတယ်။သာမန်အချစ်တွေထက်ကိုပိုပြီးလေးနက် တယ်။မင်းသားလေးသတိရရချင်းကျွန်မကို တစ်ခုခိုင်းခဲ့တယ်။Jung Kookကိုသွားရှာဖို့ပြောခဲ့တယ်။ဒါပေမယ့် ကျွန်မသူပြောတဲ့နေရာကိုရောက်တော့Jung Kookကအသက်မရှိတော့ဘူးလေ။အဲဒါနဲ့ ကျွန်မသေချာမြှုပ်နှံပေးခဲ့ပါတယ်။မင်းသားလေး ကိုပြန်ပြောပြတော့သူလက်ခံခဲ့ပေမယ့်နောက် တော့သူ့အခြေအနေတွေပိုဆိုးလာခဲ့တယ်။ပြီးတော့အခုလိုဖြစ်သွားတာပါပဲ။"

နှင်းပွင့်တို့ကိုသက်သေတည်၍ (Completed)Tempat cerita menjadi hidup. Temukan sekarang