Part-31

607 60 0
                                    

Jimin-"နေကောင်းပါရဲ့လား..Min Dae Arjuma..."

ထို့နောက် အရိုးအိုးတွေထည့်ထားတဲ့ စင်ကို ကျောမှီကာ လက်နှစ်ဖက်နှင့်ဒူးကို ဖက်ထားရင်း ထိုင်နေမိလေသည်။နှလုံးသားကနာကျင်လွန်းတာကြောင့် သူ့ခံစားချက်တွေကို တစ်စုံတစ်ယောက်ကို ဖွင့်ပြောလိုက်ရင် သက်သာသွားမယ်လို့ သူမျှော်လင့်နေတယ်လေ။

Jimin-"ကျွန်တော်လာလည်တာ စိတ်မဆိုးဘူးမလား?ကျွန်တော်Chanyeol Hyungတို့ကိုလည်း တွေ့ခဲ့တယ်။Jung Kookတို့ဆီလည်း ရောက်ခဲ့တယ်သိလား။သူတို့တွေ အရမ်းပျော်နေကြတာ။အဲဒီလို အချိန်မှာ ကျွန်တော့ခံစားချက်တွေကို သူတို့ကို မကူးစက်စေချင်ဘူး။Arjumaစိတ်အနှောင့်အယှက် ဖြစ်သွားရင်လည်း ကျွန်တော်တောင်းပန်ပါတယ်။ကျွန်တော်လေ... ကျွန်တော်သူ့ကို သိပ်ချစ်တာသိလား..."

Jimin တင်းထားတဲ့ စိတ်တွေအကုန်လုံးကို လွှတ်ချလိုက်ကာ ဒူးခေါင်းပေါ်မျက်နှာအပ်ပြီး ငိုချလိုက်မိလေသည်။နှစ်သိမ့်မယ့်သူ မရှိလည်း သူလွတ်လွတ်လပ်လပ်ငိုပါရစေ....

Yoongiလည်း ကားကိုဂရုစိုက်မောင်းနေရင်း မျက်ရည်တွေကျလာတာကြောင့် လက်ဖမိုးနှင့ ခပ်ကြမ်းကြမ်း သုတ်ပစ်လိုက်လေသည်။အနည်းဆုံးတော့Jiminကို သူယုံကြည်လို့ရမယ်လို့ထင်ထားခဲ့တာပါ။ သူက တခြားယောက်ျားတွေနဲ့ မတူဘူးလို့ ထင်မှတ်ထားခဲ့တာပါ။Jiminကို သူယုံကြည်ဖို့အဆင်သင့်မဖြစ်သေးဘူးလေ။အခုထိမယုံရဲသေးတာကို Jiminပဲနားမလည်တာလား။သူ့ဘက်ကပဲလွန်သွားတာလား Yoongiမသိတော့ပါ။အဲဒါထက် သူနာကျင်ပြီးကျန်ခဲ့ရမှာကို သိပ်ကြောက်တာပါ။အဲဒါကြောင့် သူအခွင့်ရေးမပေးခဲ့မိတာပါ။

Yoongi-"ကျွန်မတောင်းပန်ပါတယ်။ကျွန်မ ရှင့်ကိုမယုံရဲဘူး။"

Jiminလည်း...စိတ်ကိုလွှတ်ချကာ အားရပါးရငိုချပြီးသည့်နောက်မှာတော့ မတ်တတ်ပြန်ရပ်လိုက်ကာ Arjuma၏ ဓာတ်ပုံကိုကြည့်လိုက်ရင်း-

Jimin-"တောင်းပန်ပါတယ်။ကျွန်တော်...နာကျင်လွန်းလို့ငိုမိတာပါ။"

ထို့နောက် လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး ခေါင်းကိုမော့ အသက်ကိုဝအောင်ရှူလိုက်ကာ ပြုံးလိုက်လေသည်။

နှင်းပွင့်တို့ကိုသက်သေတည်၍ (Completed)Where stories live. Discover now