Epi 11

8.2K 754 16
                                    

Zawgyi

ညကတစ်ညလုံးငိုနေပြီး မိုးလင်းခါနီးမှ
အိပ်ပျော်သွားသောကြောင့်
မျက်လုံးများကဖောင်းအစ်နေသည်

ကိုယ့်မျက်နှာကို မှန်မှာကြည့်ရင်း
စိတ်ပျက်စွာ ညည်းညူ မိသည်

မျက်လုံးများကဖောင်းနေသော်လည်း
ညိုနေသည့် မျက်ကွင်းများက သိသာနေတုန်းပဲ
မနေ့က မင်းခန့်ရဲ့စကားက
စိတ်ထဲပြန်ဝင်လာတော့ မဖိတ်ခေါ်ရပါဘဲ
မျက်ရည်စက ပြန်လဲ ခိုဝင်လာသည်
ဒီလောက်ငိုနေတာတောင်မျက်ရည်တွေက
မကုန်ခမ်းသွား

ညီအစ်ကိုတွေလိုတဲ့လား
ရည်စားတောင်မဟုတ် ချစ်သူတဲ့

စိတ်ရှုပ်စွာ ဆံပင်တွေကိုလက်နဲ့
ဖွလိုက်မိသည်
မညှပ်တာကြာနေတဲ့ဆံပင်တွေက ကျွန်တော့်
မျက်လုံးကို အတော်အတန်ဖုံးနေသည်
အိမ်မှာနေရင် သူ့အကြောင်းတွေးပြီး
ထပ်ငိုနေမည့် ကိုယ့်အကြောင်းကိုယ်သိသဖြင့်
ကိုကို့ဆီသာ သွားရန်ဆုံးဖြတ်မိသည်

အမြဲကျွန်တော့်ကို အားပေးတတ်သော
ကိုကို သည် အခုတွင်လည်း
အေးမြသော အပြုံးတစ်ခုဖြင့် ပြုံးပြဆီးကြိုနေသည်
ကျွန်တော့်ရင်ထဲကအပူကို နည်းနည်းတော့အေးချမ်း
သွားစေသည်ထင်သော်လည်း
တကယ်က ပူလောင်နေဆဲ…

"ညီ နေရောကောင်းရဲ့လား
မနေ့ကလည်းမလာဘူး"

"ကောင်းပါတယ် နည်းနည်းခေါင်းကိုက်နေလို့"

တကယ်ကနှလုံးသားလေးနေမကောင်းဖြစ်နေခြင်း

"အဲ့ဒါဆို အိမ်မှာနားနေပါလားညီရယ်
ဘာလို့ထွက်လာတာလဲ"

ကိုကို့အပြောကို ပြန်ဖြေဖို့ဟန်ပြင်နေစဉ်
ဆိုင်ထဲဝင်လာသော လူတစ်ယောက်…
ပြုံးပြလိုက်သော ကိုကိုကြောင့်
ဝင်လာသော သူကိုလှည့်ကြည့်လိုက်မိသည်

"မင်းခန့် မတွေ့တာတောင်ကြာပြီ"

ကိုကိုပြောသည်ကို ရယ်သာရယ်ပြနေသော
မင်းခန့်…
သူ့မျက်လုံးတွေက ကျွန်တော့်ဆီမှာ
နှလုံးသားလေးက တစ်ချက်စူးအောင့်သွားသည်
အခုအချိန်မှာ သူ့ကို မြင်ရုံနဲ့ နာကျင်ရသည်

"ကျွန်တော်မိုးစက်ကို လာတွေ့တာ
အိမ်သွားတော့ အန်တီကသူဒီမှာရှိမယ်ပြောလိုက်လို့"

WineWhere stories live. Discover now