Epi 27

7.1K 577 8
                                    

Zawgyi

လူက အလုပ်လုပ်နေသော်လည်း စိတ်တို့က
မနေ့ညက မင်းခန့်နှင့် ဖုန်းပြောနေခဲ့သော အချိန်တို့ကိုသာ တွေးနေမိသည်။
ကျွန်တော် သူ့ကို ချစ်နေခဲ့တာ ကြာနေပြီ ဖြစ်ကြောင်း
ပြောတော့ သူကအံ့သြနေခဲ့သည်။

သူ့ကို ပြန်မေးတာကို သေသေချာချာ မဖြေပေမယ့်
သူလည်း ကျွန်တော့်ကို ချစ်နေခဲ့တာ ကြာပြီဆိုတာ သိရတော့ အတိုင်းမသိ ဝမ်းသာမိသည်။

သူ့ဆီက ကျွန်တော် ကြားချင်ခဲ့သော စကားကို
တစ်ညလုံး နီးပါး ကြားခဲ့ရသဖြင့် နှလုံးသားလေးက မြူးထူးနေသည်…

သူ့ရဲ့ ချစ်တယ် ဆိုတဲ့ နှစ်လုံးထဲသော စကားကို ကြားရသည့်အချိန်တိုင်း ကျွန်တော့်နားထဲ ဆည်းလည်းသံလို ချိုမြိန်ကာ ကျွန်တော့်နှုတ်ခမ်းပါးတို့ရဲ့ အပြုံးကို ရပ်တန့်လို့မရ…။

ကျွန်တော်တို့နှစ်ယောက်ရဲ့ ချိုမြိန်တဲ့ အကြင်နာ ကို
အမှတ်ရသည့်အခါ နှလုံးသားလေးက စိတ်လှုပ်ရှားစွာ
အခုန်မြန်ရင်း အရူးတစ်ယောက်လို ပြုံး နေမိသည်။

"ညီ ခုံလဲ ပါးပြီးပေါက် သွားပါဦးမယ်…"

ဘေးမှ ရုတ်တရက်ထွက်လာသော အသံကြောင့်
အူမြူးနေသော ကျွန်တော်…အခုမှပင် ပတ်ဝန်းကျင်ကို သတိထားမိသည်…

စားပွဲခုံ ကို အဝတ်နဲ့သုတ်နေသော်လည်း ကျွန်တော် ပွတ်နေတာ တစ်နေရာထဲသာ…တစ်ခုံထဲကို သုတ်နေတာ ဘယ်လောက်တောင်ကြာနေလဲမသိ…တစ်နေရာထဲကို သုတ်နေကာ မျက်လုံးတို့က အပြင်ကိုငေးရင်း နှုတ်ခမ်းတို့က
ပြုံးနေသော ကျွန်တော့်ကို မလှမ်းမကမ်း ခုံမှ အန်တီကြီးတစ်ယောက်က အထူးအဆန်းသဖွယ် ကြည့်နေပေသည်။

တော်သေးသည် ဆိုင်ထဲမှာ လူတစ်ယောက်သာ ရှိပေလို့…

ဘေးမှ ကိုကို့ ကို ခေါင်းကုတ်ရင်း ရယ်ပြမိသည်။

"ပျော်စရာ ကိစ္စရှိတယ်ထင်တယ် …ညီတို့များ ချက်ချင်းကို
ပြောင်းလဲသွားတာ အမူအရာကအစ အရင်ကနဲ့တခြားဆီပဲ"

ဆီမလိမ်းထားသဖြင့် အနည်းငယ်ဖွာနေသော ဆံပင်တို့ထက် လက်ဖြင့် အသာ ဖွကာ ပြောလာသော ကိုကိုကြောင့် မျက်နှာပူမိသဖြင့် ခေါင်းငုံ့ကာ ပြုံးမိသည်။

WineWhere stories live. Discover now