Epi 26

7.4K 602 31
                                    

Zawgyi

မိုးစက်ကို ကျွန်တော့် ခံစားချက် ဖွင့်ပြောပြီးချိန်
မှစ၍  ပိုပေါ့ပါးနေသလို စိတ်ထဲ လွတ်လပ်နေသည်။
ခုရက်ပိုင်း ကျွန်တော့်စိတ်ထဲ သိသိသာသာရော မသိမသာပါ ဝင်ရောက်လာသော သူတစ်ယောက်ကြောင့် လည်းပါမည် ထင်သည်။

ဟိုနေ့ညက ညစာချက်ကျွေးမယ်ဆိုပြီး သူ့အိမ်သွားခဲ့မိသော
ကျွန်တော်…အိမ်မှာ ဟင်းချက်ဖို့မပြောနှင့် အဆင်သင့်
ပြင်ပေးထားတာကိုသာ ထိုင်စားခဲ့သော ကျွန်တော့်အတွက်
အဲ့နေ့က ပထမဆုံး ချက်ခဲ့ခြင်း…ကျွန်တော့်ပထမဆုံး
လက်ရာကို စားခဲ့သော ပထမဆုံးလူမှာလည်း သူသာ ဖြစ်သည်။

အခုလည်း သူ့အကြောင်းက မဖိတ်ခေါ်ပါဘဲ
ခေါင်းထဲ နေရာယူလာသောအခါ မသိစိတ်ထဲ
သတိရမိသလို…

ကျွန်တော် မိုးစက်ကို ချစ်ခဲ့တယ်ဆိုတာတော့ သေချာသည်။
အခု သူ့အပေါ်ခံစားချက်ရှိနေသလား ဆိုတာ တော့မသေချာ။

တကယ်ဆိုသူနဲ့သိတာ တကယ့်ကိုခဏလေးပင်.…
မိုးစက်အပေါ် ကျွန်တော့်ခံစားချက်ကို နားလည်ဖို့လေးနှစ်ဆိုတဲ့ အချိန်ကြာမြင့်ခဲ့ပေမယ့်
အခုကျ အချိန်ခဏတာကပင် စိတ်ရှုပ်ထွေးအောင် ခံစားရစေသည်။

မကြာသေးသော အချိန်တစ်ခုအတွင်း ကျွန်တော့် ခံစားချက်တွေပြောင်းလဲနိုင်သလားဆိုတာ ကိုယ်ကိုယ်တိုင်ပင်
မသိ…

မိုးစက်ကို ကျွန်တော် တကယ်ချစ်ခဲ့သလားဆိုတာပင် သံသယဝင်ရလောက်အောင် သူ့အပေါ် ကျွန်တော့်စိတ်တွေ မရိုးသားဖြစ်ချင်နေမိသည်…

တကယ်ဆို ကျွန်တော်တို့နှစ်ယောက်က
တစ်ယောက်ကို တစ်ယောက် နာမည် ကလွဲ၍
ဘာမှရေရေရာရာမသိကြ…

ကျွန်တော်တို့ ဒီအတောအတွင်း တွေ့ခဲ့ကြစဉ်က
ဘာအကြောင်းအရာတွေပြောနေခဲ့သလဲ…
သေချာတာတော့ ကျွန်တော့် ခံစားချက်များသာ…

သူ့ဘက်က ကျွန်တော့်ကို သူ့အကြောင်း တစ်စွန်းတစ်စတောင် မပြောခဲ့…ကျွန်တော်ကသာ ပြောနေခဲ့ခြင်း…

ကျွန်တော်တို့နှစ်ယောက်ရဲ့ ပတ်သက်မှုကို ဘယ်လိုခေါင်းစဉ်တပ်ရမလဲ မသိ… မိတ်ဆွေလည်းမဟုတ် …
ရင်းနှီးလားဆိုတော့လဲ မရင်းနှီးပြန်…

WineWhere stories live. Discover now