Epi 29

7.5K 549 9
                                    

Zawgyi

အိပ်ရာနိုးနိုးချင်း မျက်လုံးတို့ဖွင့်မိသည်ဆိုတာနဲ့ …မနေ့က ဝသန်ပြောခဲ့သော စကား…ကျွန်တော့်ကို ကြည့်နေခဲ့သော မျက်ဝန်းတွေ…အရာအားလုံးကို ရှင်းရှင်းလင်းလင်း ပြန်မြင်ယောင်ရင်း နှလုံးသားလေးက ခုန်ပေါက်နေတာ ထိန်းမနိုင်သိမ်းမရ…

ကျွန်တော့်ကိုမနေ့က သူဖွင့်ပြောခဲ့တာလား…
သူစကားတို့က ကျွန်တော့်ကို ရည်ညွှန်းနေတာတော့သေချာသည်…ကျွန်တော့်ကို မေးခဲ့သော သူ့အမေး…
ကျွန်တော့်ကိုသေချာစိုက်ကြည့်ကာ ပြောလာခဲ့သော သူ့စကားတစ်ခွန်း …ချစ်တယ်ဆိုတဲ့ စကားလုံးလေးနှစ်လုံးကို ကျွန်တော် မိုးစက်ကို ပြောခဲ့စဉ်က ခံစားခဲ့ရသော ခံစားမှုထက် …သူ့နှုတ်ခမ်းထက်က ပြောလာခဲ့သော စကားလုံးလေးနှစ်လုံးက ကျွန်တော့် ရင်ဘက်တစ်ခုလုံးကို ဗြောင်းဆန်သွားလောက်အောင် ရင်ခုန်စေသည်။

သူ့အတွက် ကျွန်တော့် အဖြေက ဘာလဲဆိုတာ ကိုယ်တိုင်ပင် မသိသေး…မသိဘူးဆိုတာထက် မသိချင်ယောင်ဆောင်နေမိတာများလား…

သူ့နဲ့တွေ့တိုင်း ပြောင်းလဲနေတတ်သော ကျွန်တော်…
သူ့အပြုံးတို့၌ နစ်မြော နေမိတတ်သော ကျွန်တော်…
သူ့စကားလုံးတို့ထက် အတိုင်းအဆမရှိ ခုန်ပေါက်နေမိသော ကျွန်တော့်နှလုံးသားလေး…အဲ့အရာအားလုံးက
သူ့အပေါ် ကျွန်တော့်ခံစားချက်တွေဆိုရင် …သေချာသည်
ကျွန်တော့်အဖြေ ကလည်း စကားလုံးလေး နှစ်လုံးသာ ဖြစ်လိမ့် မည်…

နှလုံးသားလေးရဲ့ ဝမ်းမြောက်မှုက ကျွန်တော့်နှုတ်ခမ်းပါးတို့ကို ဟန်မဆောင်နိုင်အောင် ပြုံးနေစေဧ။်..…

အရူးတစ်ယောက်လို ကုတင်ပေါ် လူးလှိမ့် ရင်းပြုံးနေမိသော
ကျွန်တော်…မနေ့ညက မိုးစက် အကြောင်း ခေါင်းထဲဝင်လာသည့်အခါ ကျွန်တော့် အပြုံးတို့ကို ပြန်လည် ကွယ်ပျောက်စေသည်…

လှဲနေရာမှ ထထိုင်လိုက်ကာ စားပွဲပေါ်မှ နာရီကို လှမ်းကြည့်မိသည်…

10နာရီပင်ကျော်နေပြီ ဖြစ်သည်…ညက ဝသန့်အကြောင်းရော …မိုးစက် အကြောင်းပါ စဉ်းစားနေခဲ့သဖြင့် ညဥ့်နက်သွားရာက နောက်ကျမှ ထမိခြင်း…

WineWhere stories live. Discover now