Zawgyi
မနေ့က ဝသန်သူ့ကို ပြောခဲ့သော
စကားတွေက သူ့စိတ်ကို လွှမ်းမိုးထားသည်
သူ့ပုံကို ပြန်မြင်ယောင်လာတော့ ကျွန်တော့်စိတ်ထဲ
တင်းကျပ်လာသလို …ခေါင်းငုံ့ကာ ဘေးတိုက်
ဖြစ်နေသော ဝသန်…ထင်းနေသော မေးရိုးက
သူ့ရဲ့ယောကျာ်း ဆန်မှုကို ပိုမို ထောက်ပံ့နေသယောင်…ကိုယ်လည်း မင်းလိုပါဘဲ
ခေါင်းထဲ သူပြောခဲ့သောစကားက ပဲ့တင်ထပ်လာသည့်အခါ
ဘာကိုမှန်းမသိ ကျွန်တော့်စိတ်ထဲ အလိုမကျ ဖြစ်ကာ
စိတ်ရှုပ်မိသည်…သူ့အိမ်က ထွက်လာခဲ့ပေမယ့်
အိမ်မပြန်ဘဲကားထဲထိုင် နေမိတာ ညဥ့်နက်သည်အထိ…
မိုးလင်းခါနီးမှ အိမ်ပြန်လာကာ အိပ်မိသော်လည်း
နိုးလာသောအခါတွင် သူ့စကားများကိုသာ ပြန်ကြားယောင်
နေမိသည်…ဟင်း
ရှုပ်ထွေးနေသော စိတ်အစဉ်ကို
သက်သာလို သက်သာငြား သက်ပြင်းအသာ
ချရင်း…ကုတင်မှထကာ
ပြတင်းပေါက် လိုက်ကာကို ဆွဲဖွင့်မိသည်နေ့မှန်းညမှန်းပင်မသိနိုင်လောက်အောင်
တစ်ခန်းလုံး အလုံပိတ်ကာ အလင်းရောင်
တစ်စက်ပင် မရှိသော ကျွန်တော့် အခန်းသည်
စိတ်ဝေဒနာရှင် တစ်ယောက်ဧ။် အခန်းနှင့်ပင် တူနေပေသည်
အခန်းတောင် အိမ်မှ အဒေါ်ကြီးက နေ့တိုင်းရှင်းပေးနေသော
ကြောင့် …သပ်ရပ်နေခြင်း
ကိုယ့်ဘာသာ ဆို အခန်းလည်း ကြွက်သိုက်ပင်ဖြစ်နိုင်သည်လိုက်ကာကို အသာဆွဲဖယ်လိုက်ခြင်းကြောင့်
နေရောင် က ပြတင်းပေါက်မှ ကုတင်ဘေး
နေရာသို့ အနည်းငယ်ဖြာ ကျနေသည်အမှောင်ထဲနေသားကျနေသော မျက်လုံးတို့က
အလင်းရောင် ကို ချက်ချင်းလက်မခံနိုင်စွာ
ကျိန်းစပ်သွားမှုကြောင့် လိုက်ကာစကိုအသာကိုင်ရင်း
ရပ်နေမိသော ကျွန်တော်…အလင်းရောင်နှင့် နည်းနည်းနေသားကျတော့မှ
ရှေ့မှ ဘာပစ္စည်းမှ မတင်ထားသော
စားပွဲပေါ်တက်ထိုင်ရင်း ပြတင်းပေါက်မှတစ်ဆင့်
ခြံထဲကြည့်မိသည်ကျယ်ဝန်းသောခြံထဲတွင် ပန်းပင်လေးများကို
အစီအရီစိုက်ထားသောကြောင့် အရောင်စုံကာ
လှပနေသော အိမ်ကြီးသည် တကယ်က အပြင်ပန်းသာ…
အိမ်ရဲ့ အတွင်းရေးကတော့ အမှန်မှာ ယိုယွင်းနေကာ
ပျက်စီးနေသည်ကိုတော့ ဘယ်သူမှမသိ…
YOU ARE READING
Wine
Romanceboy× boy Zawgyi အချစ်......အချစ်ဆိုတာဘာလဲတော့ကျွန်တော်မသိဘူးလူတွေကတော့အချစ်ဆိုတာကိုအမျိုးမျိုးအဓိပ္ပာယ်ဖွင့်ဆိုကြတယ် ကျွန်တော့်အတွက်ကတော့ အချစ်ဆိုတာ နာကျင်မှုများစွာထဲကသာယာမှုတစ်ခုပဲ... Unicode အခစြ...