Epi 3

11.4K 941 2
                                    

Zawgyi

ကျွန်တော် သူ့ကိုချစ်သော အချစ်သည်
ဝိုင်တစ်ခွက်သောက် ရခြင်းနှင့်
တူပေသည်…
ဝိုင်ရဲ့ ခါးသက်မှု ပြင်းရှမှု တွေနှင့် ရောနေသော
ချိုမြိန်မှုတစ်ခုကို စွဲလမ်းသကဲ့သို့
သူ့အတွက် ကျွန်တော့်ရဲ့
နာကျင်မှု မျက်ရည်များ ဖြင့်ရောနေသော
တစ်ခါတစ်ရံ သာယာမှုအနည်းငယ် ကိုစွဲလမ်းမိ ခြင်း……

အချစ်တစ်ခု ဘယ်ကအစပျိုးမှန်း မသိပေ မယ့်
သူ့အပေါ်ချစ်သောကျွန်တော့်အချစ်သည်
မြင်မြင်ခြင်းဖြင့် စတင်ခဲ့သည် ……

……………

မနေ့က သူနှင့်စကားများင်္ပြီးကတည်းက
သူကျွန်တော့်ကိုဖုန်းမခေါ်ခဲ့
နေ့တိုင်းကျွန်တော့်ကိုနှိုးတတ် သော
ဖုန်းပင် မလာခဲ့
စိတ်မကောင်းဖြစ်မိသည် တော့အမှန်ပင်

ကျောင်းသွားရန် အောက်သို့ဆင်းလာသော
ကျွန်တော်
ဧည့်ခန်းတွင်မေမေ နှင့်စကားလက်ဆုံကျနေသော
သူ့ကို မြင်သည့်အခါ
အံ့သြခြင်းနှင့်အတူ ပျော်ရွှင်ခြင်း လှိုင်းတစ်ခုပါ
ရင်တွင်း၌ ဖြစ်တည်မိဧ။်
ငယ်ငယ်ထဲက သူငယ်ချင်းတွေဖြစ်ပြီး
မိဘချင်းရင်းနှီးပေမယ့် သူကအိမ်ကိုတော့
မလာတတ် တစ်ခါတစ်လေမှသာလာသောသူကို့
အခုတွေ့လိုက်ရသောအခါ
အံ့သြမိသည်

…………

" မတွေ့တာတောင်ကြာပြီ သားရယ်
သားအမေရောနေကောင်းရဲ့လား
အန်တီတို့လည်း တစ်လမ်းပဲခြားတာတောင်
မတွေ့ဖြစ်ကြဘူး ခုတလောအလုပ်တွေမအားတာနဲ့ "

" ဟုတ်ကဲ့နေကောင်းပါတယ် အမေလည်းခုတလော
အလုပ်များနေတာ "

"အေးအေး သားလည်းမကြာမကြာလာလေ "

"ဟုတ်ကဲ့ အန်တီ "

"သားငယ်တောင်ဆင်းလာပြီ သားတို့ မနက်စာစားသွားကြပါလား "

လှေကားမှ ဆင်းလာသော မိုးစက်ကိုလှည့်ကြည့်မိသည်
ကျွန်တော့်ကို မြင်သည်မှာသရဲမြင်သည်များထင်နေသလားမသိ
လှေကားတွင်ရပ်ကာ ကျွန်တော့်အားမျက်လုံး ပြူး၍
ကြည့်နေလေသည်

"ရတယ်အန်တီ မစားတော့ဘူး ကျောင်းမှာပဲစားလိုက်တော့မယ် "

"အေးအေး
သားငယ်ဘာလုပ်နေတာလဲ လှေကားမှာရပ်ပြီး "

WineDonde viven las historias. Descúbrelo ahora