Epi 12

8.1K 741 23
                                    

Zawgyi

မိုးစက်ရဲ့မျက်ရည်များက
နှလုံးသားနှင့်နီးစပ်နေသော သူ့ရင်ဘက်
အကျီင်္ပေါ်ကို စိုစွတ်စေသည်
အဲ့မျက်ရည်တွေက သူမဟုတ်တဲ့
အခြားတစ်ယောက်အတွက်
ကျဆင်းတဲ့မျက်ရည်တွေဖြစ်ပေမယ့်
ထိုမျက်ရည်တို့ ခိုလှုံရာရင်ခွင်
သည် သူ့ရင်ခွင်ဖြစ်နေသည့်အတွက် ကျေနပ်မိသည်

ကျွန်တော်ဖက်ထားသည်ကို မရုန်းပဲ
မျက်ရည်တွေရောရှိုက်သံတွေ ပါထွက်နေသော မိုးစက်…
အနည်းငယ်တုန်ရင်နေသော ခန္ဓာကိုယ်လေး
တည်ငြိမ်သွားတော့မှ ဖက်ထားတာကိုလွှတ်ပေးမိသည်

"ကျေး…ကျေးဇူးပဲ"

အနည်းငယ်တုန်ရင်နေသေးသော
အသံဖြင့် စကားပြောလာသော မိုးစက်…

"ဘာကိုလဲ"

သူပြောချင်တာကိုသိသော်လည်း ပြန်မေးမိသည်

"ဒီတိုင်း…"

"ရပါတယ် သူငယ်ချင်းတွေပဲ"

ထိုစကားကိုအနည်းရယ်သံစွက်ကာပြောလိုက်သော်လည်း
တကယ်က ကျွန်တော့်နှလုံးသားလေးလည်းနည်းနည်းတော့အောင့်သွားသည်

"အင်း …အဲ့ဒါဆိုငါ သွားတော့မယ်"

အရမ်းကြီးမဟုတ်သော်လည်း ကျွန်တော့်ကို
ပြုံးပြနေသောမိုးစက်…
မျက်လုံးဝိုင်းဝိုင်းများက မျက်ရည်များကြောင့် ရွှန်းစိုကာ
ညမီးရောင်အောက်တွင် တောက်ပနေသည်
အနည်းငယ်စိုနေသေးသော မျက်တောင်ဖျားများတွင်
ကျန်နေသေးသောမျက်ရည်စ…
ငိုထားသောကြောင်းနီနေသော နှာခေါင်းလုံးလုံးလေး…

လှရက်နိုင်လွန်းသော သူ့ရှေ့မှမိုးစက်…
အရာရာဟာ သူနဲ့လိုက်ဖက်နိုင်လွန်းစွာ…

မင်းမျက်ရည်တွေရဲ့ ပိုင်ရှင်က ကိုယ်မဟုတ်ပေမယ့်
မင်းအပြုံးတွေရဲ့ ပိုင်ရှင်တော့ ကိုယ်ဖြစ်ချင်တယ်
မိုးစက်…

သိပ်မဝေးတော့သော သူ့အိမ်သို့ ကျွန်တော့်ရှေ့မှထွက်ခွာ
သွားပြီး ဖြစ်သော မိုးစက်ရဲ့ ကျောပြင်ကို
ကြည့်ရင်း  သက်ပြင်းဖွဖွချမိသည်

အလာတုန်းက မိုးစက်ကိုတွေ့ချင်စိတ်ဖြင့်
ပေါ့ပါးနေခဲ့သော ခြေလှမ်းတွေသည်
အပြန်မှာတော့လေးလံနေခဲ့သည်

WineWhere stories live. Discover now