အပိုင်း(၁)

4.7K 202 5
                                    

သွေးအိုင်များကြားလဲကျနေသော ထိုလူတစ်ယောက်၏ ဘ၀ကို ကိုယ် ကိုယ်တိုင်အဆုံးသတ်ပေးခဲ့သည်။

သူ့ရဲ့ ဘ၀ဟာ ဒီလို အသေဆိုးမျိုးနှင့်ပင် ထိုက်တန်သည်.......။

...............................................................................................

ညအမှောင်သည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှအောင် မှောင်မိုက်နေသော်လည်း
တချို့လူတွေအတွက် တော့ နှစ်သက်ဖွယ်ကောင်းသော အချိန်ဖြစ်နေပေလိမ့်မည်။

နိုက်ကလပ်သည် ထိုအချိန်တွင် ပိုမို စည်ကား လာသည်။ ညငှက်က​လေးများ ၏ ကပြဖျော်ဖြေနေမှုအောက်တွင် ကျရှုံးနေကြသော လူတစ်ချို့၏ မျက် လုံးအကြည့်တို့သည် ဆာလောင်နေမှု အပြည့် ။

မီးရောင်စုံများ တဖျတ်ဖျတ် နှင့် မျက်လုံးများကို ရိုက်ခတ်ကာ ဆွဲဆောင်နေသော်လည်း ကျနော့်စိတ် မွန်းကျပ်လာကာ သောက်လက်စ ဘီယာ ဗူးကို ထားပစ်ခဲ့ကာ အပြင်ဘက်သို့ ထွက်လာခဲ့သည်။

Taxi ကို တားကာ Taxiပေါ်သို့
တက်ထိုင်လိုက်သည်။

'' ဒီကလပ်ကိုလာတာလား''

''အင်း ဘာလို့လဲ?''

'' နာမည် ကြီးနေလို့ပါ
အထဲက အပြင်အဆင်တွေ
အရမ်းလန်းတယ်လို့ကြားမိတယ် အမှန်ပဲလား''

'' မယုံပါနဲ့ ကလပ်ဆိုတာ ကောင်းတဲ့သူတွေ
ရှိတဲ့နေရာမျိုးမှမဟုတ်ပဲအားလုံးက အထိအ​တွေ့ကို
ဆာလောင်နေကြတဲ့သူတွေချည်း ပဲ.....
ဘာလဲ ခင်ဗျားက စိတ်၀င်စားလို့လား''

'' ကျနော့် အခြေအနေနဲ့ ကလပ်မပြောနဲ့
အပြင်က Showပွဲတွေကိုတောင် သွားဖို့
အချိန်မရပါဘူးဗျာ....

မိသားစုရဲ့စား၀တ်နေ​ရေးက ရှိသေးတယ်
မဟုတ်လား..''

'' ကောင်းပါတယ် ခင်ဗျားမှာမိသားစု ရှိတုန်း
သူတို့ကို ဂရုစိုက်ပါ မရှိတော့မှ နောင်တမရ​စေနဲ့.....''

လေးနက်စွာပြောလာသော ထိုကောင်လေးရဲ့
အသံတို့သည် အနည်းငယ်တုန်ယင်နေခဲ့သည်။

'' ဒါနဲ့ မင်းက ဘာအလုပ် လုပ်တာလဲ ''

''ကြေးစား လူသတ်တာ''

အမုန်း၏အခြားတစ်ဖက်•On The Other Side Of The HateWhere stories live. Discover now