တစ်ပတ်လောက်ခရီးထွက်လိုက်တာ ကုမ္ပဏီမှာ အလုပ်ကိစ္စတွေက ပုံလို့နေသည်။ စစ်ဆေးစရာများကို စစ်ဆေး။ လက်မှတ်ထိုးရမည့်စာရွက်စာတမ်းများကို စီစစ်လက်မှတ်ထိုး။
အခန်းထဲ ဝင်အလာက စားပွဲပေါ်တွင် သူ့ကို စောင့်ကြိုနေကြသည့် ဖိုင်၊ စာရွက်များသည် အခုတော့ ဌာနအသီးသီးသို့ရောက်ရှိသွားကြလေပြီ။
သက်ပြင်းလေးချကာ ခုံနောက်ဘက်ကို လှဲချ ခေါင်းမှီလိုက်တင်လိုက်ပြီး မှေးနေလိုက်သည်။
မနေ့ညကပဲ ဆိုးလ်ကို ပြန်ရောက်ခဲ့တာ။
၁၀နာရီကျော်စီးခဲ့ရသော လေယာဉ်ကြောင့်ခရီးပန်းသော်လည်း မနားဖြစ်ခဲ့။ အာပါးကို အလုပ်ကိစ္စမမည်ခဲ့သော ကိစ္စများကို လိမ်ညာထွက်ဆိုပြီး ညစာကျွေးပြီးမှ အိပ်ယာထဲဝင်ဖြစ်သည်။ မနက်အစောကြီးထကာ လာပြီး နေ့တစ်ဝက်ကုန်အောင် အလုပ်တွေဆက်တိုက်ထိုင်လုပ်နေခဲ့ရတာ ခုတော့ ခေါင်းရော၊ ခန္ဓာကိုယ်ရော မခံနိုင်။
ညောင်းညာ ကိုက်ခဲလာသည်။ ပင်ပန်းနွမ်းနယ်သော ခန္ဓာကိုယ်ဟာ ထိုင်ခုံလေးပေါ်တွင် ငြိမ်သက်စွာ အနားယူနေခဲ့သည်။
မှေးခနဲ ဖြစ်သွားပြီး ခေါင်းငိုက်စိုက်မိကာမှ ပြန်လည် ပွင့်ဟလာသော မျက်လုံးများ။
ရှေ့တွင် ဘယ်တုန်းကတည်းက လာချပေးသွားခဲ့သည်မသိသော ကိုးရီးယား စစ်ဆေးရေး တံဆိပ်ပါ စာအိတ်အဖြူလေးတစ်ခု။
ဖွင့်ဖောက်ဖတ်ကြည့် လိုက်သည်။ ဘာတွေလဲ?
ဒီစာတွေက ဘာကို ရည်ညွှန်းသည်လဲ မသိ။နားမလည်။ဘာကြောင့် သူ့ကို စစ်ဆေးဖို့အတွက် စစ်ဆေးရေးရုံးကို လာဖို့ အကြောင်းကြားစာ ပို့ရပါသနည်း။
သတ်မှတ်ရက်က ၂၄ ရက်နေ့ဖြစ်သည်။ အဲ့နေ့ သည် ချန်ယောလ်ကိုးရီးယားကို ပြန်ရောက်မယ့်နေ့ သူ မသွား ဘဲနေလိုက်မည်ဟု တွေးသည်။ မဖြစ်သေးပါ။
စစ်ဆေးရေးကအကြောင်းကြားစာရောက်ရင် သတ်မှတ်ရက်အတွင်းသွားရသည်။ မဟုတ်ရင် အပြစ်ပေးခြင်းခံရမည်သာ။
အချိန်ကို ကြည့်ကြည့်တော့ ရုံးချိန် အတွင်း ဟု ရေးသားထားသောကြောင့် တော်သေးသည်ဟု ရေရွတ်မိသည်။
YOU ARE READING
အမုန်း၏အခြားတစ်ဖက်•On The Other Side Of The Hate