အပိုင်း(၁၀)

1.1K 101 7
                                    

နေရောင်ခြည် နွေးနွေးလေးက ထို အခန်းငယ် ပြတင်းပေါက်ကနေတဆင့် ထိုးဖောက်ဝင်ရောက်လာသည်။

အခန်းဒေါင့်တစ်နေရာက နာရီလက်သံ က
တချက်ချက်ဖြင့် အချက်ပေးနေသည်။

အသားမကျသေးသော ထိတွေ့ခြင်းနှင့်အတူ
ရှက်ရွံမှု က စိတ်ထဲ ထိုးဖောက်ဝင်ရောက်လာသည်။

မမျှော်လင့်ထားသော ထိုအခြေအနေကြောင့်
မျက်နှာပူရသည်။

"ဟင့် "

ဂျောင်ဆူးတစ်ယောက်.....

ယောင်ယမ်းသံကြောင့် ကပျာကယာထပြေးးကာဖြင့် ရေချိုးခန်းထဲသို့ ပြေးဝင်သည်။

ရေချိုးခန်းနံရံမှ ချိတ်ဆွဲထားသော မှန်ချပ်ကြီးတွင် ကိုယ့်ရဲ့ စစ်မှန်သော ပုံရိပ်တစ်ခု။

ဘာမှပြောင်းလဲ မသွားပေမယ့် ရင်ခုန်သံများက
အရင်နိုးထလာခဲ့ရသည့်မနက်ခင်းများနှင့်မတူ။
တမူးထူးခြားသည်။

အရောင်လက်နေသော မျက်ဝန်းဝိုင်းဝိုင်းများက ကျီစယ်ကာ နှုတ်ခမ်းပါးက ရှက်ရွံ ့စွာဖြင့် သွားကလေးများ၏ ဒဏ်ခတ်ခြင်းကို ခံနေရရှာသည်။

မနေ့ညက အဖြစ်အပျက်တစ်ခု။
မှတ်မိနေခဲ့သည်က။

"ဂျောင်ဆူး လား"

တံခါးအပြင်မှ အော်ခေါ်သံ။

"Appa!!!!"

နဂိုဝိုင်းစက်စက်မျက်ဝန်းများက ပိုမို ကျယ်လာကာ

"ဘယ်လိုလုပ်ရမလဲ!!!"

ကြမ်းပြင်၌ပြန့်ကျယ်နေသော အဝတ်တချို့ကို သတိရကာ...

ပြေးထွက်အလာမှာ Appa နှင့် ချန်ယောလ်တို့ ဧည့်ခန်းငယ်လေးတွင်စကားပြောနေကြသည်ပင်။

"Nae ....အဆင်ပြေပါတယ် "

"လိုတာရှိပြောကွာ
အားနာမနေနဲ့ ဟုတ်ပြီးလား"

အွန် ကြမ်းပြင်က အဝတ်တွေ လည်း မရှိတော့။
သူ သိမ်းဆည်းလိုက်သည်ထင်။

"ငါကတော့ မင်းကို ဒီမှာလာနေစေချင်တယ်"

"Yae ?"

"ဟာ့ ဟားဟား ဘာလို့လန့်သွားရတာလဲ ကွာ"

"ဟုတ်ကဲ့ ကျတော် မထင်မှတ်ထားတဲ့စကားမို့ပါ

အမုန်း၏အခြားတစ်ဖက်•On The Other Side Of The HateWhere stories live. Discover now