အပိုင်း (၃)

1.4K 123 2
                                    

မနက် ၅နာရီ ထကာ အပြေးလေ့ကျင့်မည်ဆိုသော ထိုသူဌေးလေးကြာင့် စောစော ထ ရသည်။

မနက်၄နာရီထဲက ပြင်ဆင်ရသည်။

ဟူး!! သက်တော်စောင့် တဲ့လား။

ငါက ဘယ်လို သက်တော်စောင့်မျိုးလဲ။

စောစော ထလေ့မရှိတဲ့ သူ့အကျင့်ကြောင့် ပိုဆိုးသည်။ နှိုးစက်ပေးပြီး အိပ်တော့လည်း အသံတစီစီအော်မြည်နေသော ထိုနာရီကို ပစ်ပေါက်တတ်တဲ့ သူ့အကျင့်။

အခု ချောင်လေးတစ်နေရာမှာ နာရီက ပဲ့ကျေလို့နေသည်။

သွားတိုက်မျက်နှာသစ်။ ရေမိုးချိုးကာ မနေ့က သူပေးအပ်ထားသည့် ကားအသစ်ဆက်ဆက်ကြီးကို မောင်းကာ သူ့အားသွားကြိုရမည်။

မနက်စောစောမို့ကားလမ်းက ရှင်းနေသည်။

သူနေသော ဆိတ်ငြိမ်ရပ်ကွက် အတွင်းသို့ ကားလေးစဝင်တာနဲ့ ခွေးဟောင် သံတို့က ဆူညံလျက်။

သူဌေးတွေနေတဲ့ ရပ်ကွက်မို့ လုံခြုံဖို့အတွက် ရပ်ကွက်လုံခြုံရေးတွေ၂ယောက်။
ကင်းလှည့်နေကြသည်ကို တွေ့လိုက်ရသည်။

ကားကို ရှေ့က တားကာ ရပ် ခိုင်း ကြဟန်။

"ဘာဖြစ်လို့လဲ ဗ်''

ယဉ်ကျေးစွာဖြင့်ခွန်းတုံ့ပြန်ရသည်။

"ကျတော်တို့က ကင်းလှည့်နေကြတာပါ
ဒီရပ်ကွက်မှာ ခင်ဗျားကို မမြင်ဖူးလို့ ။

စိတ်မရှိပါနဲ့ လိုင်စင်လေးပြလို့ရမလား ခင်ဗျ။''

မမြင်ဖူးလို့တဲ့လား။ တော်ရုံလူဝင်လို့မရနိုင်ဘူး။ တော်သေးတယ် ငါ့ရဲ့အစီအစဉ်တွေ ရှေ့ဆက်မတိုးခဲ့လို့။
အခန့်မသင့်ရင် မိသွားနိုင်တယ်။

"ရပါတယိ ဒီမှာ လိုင်စင်ပါ။
လိုင်စင်ပုံကတ် လှမ်းပေးရင်း.....

"မြန်မြန်လေးစစ်ပေးပါဗျ။
ချိန်းထားတာလေးရှိလို့ ။

ကျတော့်သူဌေးစောင့်နေလိမ့်မယ်။ ''

"Nae! "

သူတို့သေချာ စစ်ဆေးကာ လိုင်စင်ကို ပြန်ပေးကြသည်။

"တာဝန်ကျေပါတယ်။ ''

ကားကို တဟုန်းထိုး အရှိန်ဖြင့် မောင်းကာ နာရီ ကြည့်တော့....

အမုန်း၏အခြားတစ်ဖက်•On The Other Side Of The HateWhere stories live. Discover now