ချန်ယောလ် ဓါးမြောင်ကို ဆုပ်ကိုင်လိုက်သည်။ တင်းကျပ်စွာ။ တွေဝေစွာ။ ပြီး ပြတ်သားစွာ ။
ဆုံးဖြတ်ချ လိုက်သည်။''ခွင့်ပြု ပေးးပါ ဆူဟို Hyung !!
ခင်ဗျားကို နည်းနည်းနာကျင်စေဖို့။''ဆူဟို ရက်ရက်ရောရောပြုံးပြကာ
''လာပါ...အပေါ်ယံ ရှပ်မထိုးနဲ့ အားထည့် ထိုး!!!
ဒါမှ ချာမြောင်ဆူး မင်းကိုယုံမှာ....''ချန်ယောလ် သဘောအကြီးကြီးကျ အားရပါးရ ရယ်မောကာဖြင့်။
''အခု ခင်ဗျားကို သတ်ပြီး ကျနော်ထောင်ထဲ ဝင်မှာ....ကျနော်တယောက်တည်း ဝင်မှာ မှမဟုတ်ဘဲ။ အဖော်ပါ ခေါ်သွားမှာ။ ကျနော်က လက်ရှိမှာ ချာမြောင်ဆူးရဲ့ သားကောင်ဖြစ်နေပေမယ့်...မုဆိုးဖြစ်တဲ့ ချာမြောင်ဆူးကိုပါ ထောင်ချောက်ထဲ ဆွဲချမှာ''
ဆူဟို အားပါးတရလက်ခုပ် တီးကာ
ချန်ယောလ်ကို ကောင်းချီပေးလိုက်သည်။'''သိပ်ကောင်းတယ်
မင်းရဲ့ စီအစဉ်ကိုကြိုက်သွားပြီး။
ချန်ယောလ် မင်းသိပ်တော်တယ်
ချာမြောင်ဆူးကို ချုပ်ပစ်လိုက်။"ချန်ယောလ်မဲ့ပြုံး ပြုံးသည်။ ပြီးနောက်။
ဆူဟိုရဲ့နားထဲတိုးတိုးကပ်ကာ လက်ကို ကွယ် တိုးတိုးတိတ်တိတ် သူ၏အစီအစဉ်များကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောခဲ့သည်။"Hyung ကို ဓါးနဲ့ထိုးပြီးတာနဲ့
ဖုန်းဆက်ပြီးရဲကို အကြောင်းကြားလိုက်
ကျနော်က ချာမြောင်ဆူးတို့ စောင့်နေမယ့်နေရာကို
မျှားခေါ်သွားမယ်။ရဲတွေလာတာနဲ့ ကျနော် လက်နက်ချပြီးအဖမ်းခံလိုက်မယ်။
အဲ့တော့ကျ ချာမြောင်ဆူးလဲ ပြေးစရာ နေရာရှိတော့မှာမဟုတ်ဘူး။"
"အိုကေ ..အစီအစဉ်စလိုက်တော့!!"
ချန်ယောလ် ဆူဟိုရဲ့ ဘယ်ဘက် ခါးနားကို လှပ် လှီးလိုက်သည်။
နာကျင်မှုကို တင်းခံလိုက်ပြီး ဆူဟိုထွက်ကျလာတဲ့ သွေးများကို လက်ဖြင့်တင်းတင်း ပိတ်လိုက်သည်။
ဖုန်းကို ထုတ်ကာ ရဲကို အကြောင်းကြားသည်။
ချန်ယောလ် ထွက်ပြေး သွားလေပြီ။
YOU ARE READING
အမုန်း၏အခြားတစ်ဖက်•On The Other Side Of The Hate