အပိုင်း (၁၁)

1K 112 11
                                    

"တောက် စ်!"

"မင်း ဘာပြောလိုက်တာလဲ
ပတ်ချန်ယောလ်

မလုပ်တော့ဘူး ဟုတ်လား။"

"ဟုတ်တယ် ဦးလေးကြီး
ကျတော်မလုပ်နိုင်တော့ဘူး။"

"ကောင်းပြီလေ မင်းရှေ့ဆက်မလုပ်ချင်မှတော့
ငါအတင်းအကျပ် မခိုင်းတော့ပါဘူးကွာ။

တစ်ခုတော့ သိထားပေါ့။
ငါမင်းကို အမြဲ စောင့်ကြည့်နေမယ်ဆိုတာကို။"

"....."

ပြောစရာရှိတာကိုသာ ပြော၍ကျတော်ထွက်လာခဲ့ပါ၏။ ရင်ထဲ အမုန်းတရားတွေ ရိုက်သွင်းပေးခဲ့သော သူနှင့် ကျွန်တော့်ရဲ့ ဒေါသစိတ်တွေ။

အခု အရာအားလုံးကို ရပ်တန့်ပစ်ဖို့အချိန်နောက်မကျသေး။ ပြင်ဆင်နိုင်ဖို့အတွက် ကျွန်တော့်တွင် အခွင့်အရေးရှိသေးသည်မဟုတ်လား။

ချာမြောင်ဆူး ဦးလေးကြီးပြောခဲ့သလို အိုမားရဲ့ သေဆုံးမှုက တကယ်ပဲ ဥက္ကဌ ဒိုဂျင်မင်းကြောင့်လား။

သေချာအောင်မေးရမည် ဟု ဆုံးဖြတ်ကာ ကျွန်တော် ဂျူဒိုGroup အဆောက်အဦးထဲသို့ဝင်လာခဲ့ပါသည်။

"မင်္ဂလာပါ သက်တော်စောင့် ပတ်
မတွေ့တာကြာပြီနော်"

"ဟုတ်ကဲ့ မတွေ့တာကြာပြီ
အတွင်းရေးမှူး ကင်မ်။
ဒါနဲ့ ဥက္ကဌကြီး ရှိလား ခင်ဗျ"

"ဥက္ကဌကြီး ....မသိဘူးလား....
မနက်တည်းကသူဌေးလေး ဂျောင်ဆူး
ရုံးခန်းထဲမှာပဲရှိနေတာကိုလေ"

"အာ ....မသိလိုက်ဘူး ဗျ
ကျွန်တော်က အခုမှ ရောက်လာတာဆိုတော့။
ဒါဆို သွားလိုက်ပါဦးမယ်။"

"အေ သွားသွား"

နေ့လည် ၁နာရီခန့်။

ရုံးခန်းတံခါးကို ဆွဲဖွင့်လိုက်သည်နှင့် သားအဖနှစ်ယောက် ကော်ဖီသောက်ရင်း စကားကောင်းနေကြသည်ကိုမြင်တွေ့လိုက်ရသည်။

"အွန် ပတ်ချန်ယောလ်ရှီ~
လာ ကော်ဖီသောက်ပါဦးလား"

"ရ ရပါတယ် "

ဧည့်ခန်းငယ် ဆိုဖာပေါ်တွင်အကျအန
ထိုင်နေကြသော ဂျောင်ဆူးနှင် ဥက္ကဌ ဒိုဂျင်မင်း။

အမုန်း၏အခြားတစ်ဖက်•On The Other Side Of The HateWhere stories live. Discover now