အပိုင်း(၂၀)

697 65 15
                                    

ချာမြောင်ဆူး သတင်းသည် မီဒီယာများပေါ်တွင် ပျံ့နှံ့သွားသည်နှင့်တပြိုက်နက် အမေရိကန် ရဲ တပ်ဖွဲ့နှင့်ကိုးရီးယား ရဲသတ်ဖွဲ့မှ အလိုရှိသော ကြေးစားလူသတ်သမားတစ်ယောက်၏ သတင်းတို့သည်လည်း အပြိုင်ထွက်ပေါ်လာခဲ့သည်။

ဂျောင်ဆူး၏ သောက်လက်စ ကော်ဖီခွက်တို့ဟာ ကြမ်းပြင်ပေါ်သို့အရုပ်ကြိုးပျက် ပြုတ်ကျသွားသည်။

Personal နှင့် နှစ်နိုင်ငံခြား ဆက်ဆံရေးတို့နှင့် သက်ဆိုင်နေသောကြောင့် ထိုအမှုသည် ကမ္ဘာကျော် အမှုတစ်ခုအဖြစ် ထင်ရှားလာသည်။ ပြစ်မှ ုကျူးလွန်သော သူသည် အမေရိကန်နိုင်ငံသား ခံယူထားသော ကိုးရီးယားလူမျိုးတစ်ယောက်ဖြစ်နေသည်။ ပြစ်မှ ုတို့ကို အမေရိကန်တွင် လိုက်လို့မရခဲ့သော ဒုစရိုက်သမားတို့၏ အသတ်ခံရမှ ုတို့အပါအဝင်၊ ထူးဆန်းသည်က အကြီးစားမူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှ ုတို့၏နောက်ဆက်တွဲ သက်သေ တို့ကို အမည်မသိ သူက ရဲစခန်းသို့ပို့ဆောင်ပေးမြဲဖြစ်သောကြောင့် ထို သက်သေနှင့်တကွ အချက်အလတ်များကိုပို့ဆောင်ခဲ့သော သူသည် ယခု ဖမ်းဆီးရမိသည့် သူအဖြစ်ကြောင်းသံသယဖြစ်ဖွယ်ရာ ရှိနေကြသည်။ ခက်သည်က ထိုလူ သတ်ခဲ့သော သူတို့သည် ရဲတပ်ဖွဲ့က အလိုရှိနေသော အပြစ်သားများပင်ဖြစ်သည်။ ဥပဒေအရ ထိုလူကို မည်သို့မည်ပုံ အပြစ်ပေးရမည်ကို တရားရုံးက အဖြေတစ်ခုကို စီစဉ်ဖော်ထုတ်ကာ ရှာဖွေနေကြသည်။

''မဖြစ်နိုင်ဘူး ချန်ယောလ်က ဒီလို အဖမ်းခံဖို့မဖြစ်နိုင်ဘူး။''

ချာမြောင်ဆူးကို ပြန်ပေးဆွဲခံရသည့်ထိုနေ့က သူတေ ွ့ခဲ့ဖူးပါ၏။ သူခေါ်ဆောင်သွားသော ကျနော့်ရဲ့ချန်ယောလ် အခုဘယ်မှာလဲ။ အတူတူ အဖမ်းခံခဲ့တယ်ဆိုရင် ချာမြောင်ဆူးနဲ့ အတူတူ အမေရိကန်ရဲတပ်ဖွဲ့က ကိုးရီးယားရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးအပ်ခဲ့မှာပေါ့။ ကျနော့်ရဲ့ချန်ယောလ်က ဘယ်ရောက်နေခဲ့တာလဲ။

သူတွေတွေကြီး TVကို ကြောင်ငေးနေမိသည်။ ဆင်ဆာ ဖျတ်ထားပါသော ထိုလူ၏ မျက်နှာနှင့် ကိုယ်ခန္ဓာတို့ကို ဘာကြောင့်ရင်းနှီးနေရပါသနည်း။ သူပြန်လာခဲ့မယ်လို့သေချာ ပြောထားခဲ့ပါလျှက် ဘာလို့ပြန်မလာခဲ့တာပါလဲ?ခေါင်းထဲ အတွေးမပေါင်းများစွာနှင့် ရင်ထဲ ပူလောင်မှ ုတို့က ကျနော့်ရဲ့ ချန်ယောလ်ကို အလိုရှိပါသည်။

အမုန်း၏အခြားတစ်ဖက်•On The Other Side Of The HateWhere stories live. Discover now