အပိုင်း(၂၂)

775 76 2
                                    


ကျွန်တော် ဒီမှာ တစ်ပတ်တိတိ ကြာနေခဲ့လေပြီ။ ချန်ယောလ် မပါဝင်သော အိမ်ပြန်လမ်းးကို ကျွန်တော်
မနှစ်မြို့စွာဆက်လျောက်ရမည်သာ။
တဘက်ခါ လေယာဉ်နဲ့ကိုးရီးယားကိုပြန်သွားရဦးမည်။ မပြန်ချင် ပါ။

အာပါးကို တော့ အိမ်တော်ထိန်း ရယ် ၊ အိမ်အကူ အဒေါ်ကြီးတစ်ယောက်ရယ်၊ သူနာပြု ဆရာမ တစ်ယောက်ရယ်နဲ့အပ်ထားခဲ့တာကြောင့် စိုးရိမ်ပူပန်မှုတွေက တော့ လျော့ပါးလာသည်။

အိတ်ကတ်ထဲတွင်မြည်လာသော ဖုန်းကြောင့် ကျွန်တော် အလျင်အမြန်ကိုင်လိုက်သည်။

''အားပါး ''

''အေး ဂျောင်ဆူး
မင်းအလုပ်ကိစ္စတွေ အဆင်ပြေရဲ့လား?

"ဟုတ်ကဲ့ ပြေပါတယ် ပါး။"

"အသံက လည်း အားမရှိလိုက်တာ
နေလို့မကောင်းဘူးလား? သား"

"ကောင်းပါတယ်
နေ့နဲ့ညကို ခုထိလွဲမှားနေတုန်းပဲ ပါးရယ် ..."

"အေအေ အိပ်ပျော်အောင်တော့ ကြိုးစားအိပ်ပါ။ "

ကြိုးစားအိပ်ဆိုပေမယ့် မအိပ်ဆက်နိုင် ....

အခုတောင် ည၂း၂၅မို့ အိပ်မပျော်တာနဲ့ ညရှုခင်းကို ကြည့်ပြီး ဝိုင်တွေချည်း စွတ်သောက်နေခဲ့တာ။

"ဟုတ် အာပါး။ "

"အင် ဒီမှာနေ့ဖြစ်နေပေမယ့် မင်းတို့မှာ
ညဖြစ်နေမှာပေါ့ ပါးနှောက်ယှက်မိပြီ
အိပ်ပျော်အောင် အိပ်လိုက်ဦး။

အစာလည်းပုံမှန်စား ဟုတ်ပြီလား"

"ဟုတ် အာပါး။"

သူပြန်ဖြေပြီး ဖုန်းကျသွားသည်။
ဟိုတယ် အထပ်မြင့်တိုက်ဖြစ်သောကြောင့်
ကြည်လင်တဲ့ မှန်ချက်ကနေ နယူးယော့ခ် ၏
ညအလှကို ပိုမို မြင်တွေ့ ရသည်။

ဒူး~~~ထပ်မံဝင်ရောက်လာတဲ့ ဖုန်းကြောင့်
ဂျောင်ဆူး ပြန်လည်ကောက်ကိုင်လိုက်ပြန်သည်။

''ခုဏက အာပါး ပြောဖို့တစ်ခုကျန်ခဲ့လို့

ချန်ယောလ် လေ... မင်းရောက်နေပြီပဲ
သူ့ဆီသွားတွေ့လိုက်ပါဦးလား?

အမြန် ပြန်ပြီး အလုပ်ဆင်းပါလို့ပြော...
အာပါး မှာတဲ့အကြောင်းလဲထည့် ပြောပေးးဦး''

အမုန်း၏အခြားတစ်ဖက်•On The Other Side Of The HateWhere stories live. Discover now