အပိုင်း(၂)

2K 142 5
                                    

မ​နေ့က ထူးဆန်းစွာ ပြောလာသော ထိုလူကြီးရဲ့ နေရာကို အသည်းအသန် လိုက်ရှာနေမိသည်။

အကြောင်းတစ်ခုခုရှိရမည်။

နာမည်ကြီး ဂျူဒို Group နဲ့ ပတ်သတ်မှုတစ်စုံတစ်ရာရှိရမည်။

မေမေ့ ဘ၀ရဲ့ အဆုံးသတ်သွားသည့် နေ့ရက်သည် ကြာရှည်ခဲ့ပြီး ဖြစ်သော်လည်း ကျနော့် မှတ်ဉာဏ်ထဲတွင် မ​နေ့က အဖြစ်အပျက်လိုပင်။

ပုံရိပ်တွေက ပြက်သားစွာ ထင်ကျန်နေမြဲ.......။

လိပ်စာရေးမှတ်ထားသော စာရွက်ကလေးနှင့် ရှေ့တွင်တွေ့နေရသော အိမ်လိပ်စာတို့သည် ထပ်တူညီစွာ။

ဘဲလ်ကို နှိပ်မည် အပြု ခြံတံခါး ရုတ်တရက် ပွင့်လာသည်ကို ကြောင်ငေးနေမိသည်။

ထို့နောက် လူတစ်ချို့ပြေးထွက်လာကာ ကျနော့်ကို အရိုအသေပြု ကြပီး နှုတ်ဆက်ကြသည်။

'' ဘတ် ချန်ယောလ် ရှီ..

အထဲမွာ သူ​ဌေး စောင့်နေပါတယ် ''

ကျနော် ခြံထဲသို့ ၀င်ကာ ခပ်လှမ်းလှမ်းတွင်မြင်နေရသော တိုက်အိမ်ကြီးကို မော့ကြည့်လိုက်သည်။

အပေါ်ထပ် တွင် လူကြီးတစ်ယောက်သည် ကျနော့်ကို မတ်တပ်ရပ်ကာ စိုက်ကြည့်နေဟန်။

ထိုအိမ်ထဲသို့ ယုံကြည်ချက်အပြည့်ဖြင့်၀င်ကာ သူတို့ ခေါ်ဆောင်ရာနေရာသို့ ဦးတည်လိုက်လာခဲ့သည်။

''သူ​ဌေး...
ဘတ်ချန်ယောလ် ရောက်ပါပြီ ခင်ဗျ''

''၀င်လာခဲ့လို့ပြောလိုက်!''

"Nae! သူဌေး!''

သူဌေးရဲ့ခွင့်ပြုချက်ရသည်နှင့်တံခါးအပြင်တွင်
ရပ်စောင့်နေသော ချန်ယောလ် ကိုပြောရသည်။

'' ၀င်သွားလိုက်ပါ။

ဘတ်ချန်ယောလ် ရှီ!

ကျနော်တို့ အပြင်ဘက်ကနေပဲ စောင့်နေပါ့မယ်။''

အနောက်တိုင်းဝတ်စုံကိုသပ်ရပ်စွာဝတ်ထားသော ထိုလူကတံခါးကိုဖွင့် ပြီး လက်ဟန်ပြကာ ကျနော့်ကို ဝင်စေသည်။

ကျနော် တံခါးကို စတိုင်ကျကျ ရှောင်ဖယ်ကာ ၀င်လိုက်တော့ လူကြီးတစ်ယောက် ကျောပေးကာရပ်နေပါ၏။

အမုန်း၏အခြားတစ်ဖက်•On The Other Side Of The HateWhere stories live. Discover now