အမေရိကားမှ အမိမြေကိုးရီးယားသို့အခြေချကာ နေထိုင်ခြင်း ဖြစ်သည်။ ကြေးစားလူသတ်သမားအဖြစ်ခံယူရင်း ငွေအချည်ကြီး ရလျှင် သူ မလုပ်နိုင်သည့်ကိစ္စဟူ၍ မရှိသလောက်ပင်။ သည်တစ်ခေါက်ပြန်လာခြင်းက မိခင်ဖြစ်သူ သေဆုံးရသည့် အကြောင်းအရင်းကြောင့်ပင်။ မည်သူက ရက်စက်စွာ တမလွန်ဘဝသို့ပို့ဆောင်ခဲ့ရပါသနည်း။
ညစဉ်ညတိုင်း အချိန်မှန် မြင်မက်နေရသည့် အိပ်မက်တို့သည် အတိတ်က မမေ့နိုင်သော ဖြစ်ရပ်တစ်ခု။
တစ်ဦးတည်းသော ချစ်ရသူကို မျက်မြင်ကိုယ်တွေ့ ဆုံးရှုံးလိုက်ရသည့် အခါ နာကျင်ခြင်းက ရင်ဝကို ဆူူးနင့်နေစေသည်။"အိုမား!!! အိုမား!!!"
အော်ဟစ် အသနားခံနေသော ငိုသံသဲ့သဲ့။ မနှစ်မြို့စရာလူတစ်စု။ ပြီးတော့ အရာအားလုံးအမှောင်အတိ။
"အိုမား!! "
အိပ်မက်ဆိုးမှ လန့်နိုးလာသော ချန်ယောလ်။ နေ့ခင်းဘက်ကြီး သူ အိပ်မောကျနေခဲ့သည်လား။ ဖုန်းကိုကောက်ကြည့်တော့ Miss called 3 ခါ။ ဂျောင်ဆူးဆီမှဖြစ်သည်။ နေ့လည်စာစားဖို့ ပြောထားရက်နဲ့ သူ ဒီလို သတိလက်လွတ် အိပ်ပျော်နေရသည်လား။
အမြန်ထကာ ဝတ်အစားလဲ၍ အပြေးသွားရတော့သည်။"ဂျောင်ဆူး ကိုယ်လာနေပြီ
ခဏလေးပဲစောင့်ပါ...""ကျွန်တော်ကရတယ် ကိစ္စမရှိဘူး။"
ဖုန်းထဲမှ အေးဆေးစွာနှင့် ဖြေဆိုလာသော ဂျောင်ဆူး၏ အသံကို သဘောကျစွာ ရယ်မောဖြစ်သည်။
အမြဲတမ်း အေးဆေးလေးပဲ။"အင်း ခဏနေတွေ့မယ်။"
ဖုန်းကို ချကာ ကားကို အရှိန်ဖြင့်မောင်းလာခဲ့သည်။ဂျူဒို Group ကားပါကင်ထဲသို့ထိုးရပ်နေရာယူကာ ဂျောင်ဆူးရှိရာ ရုံးခန်းသို့ ခြေလှမ်းသွက်သွက်ဖြင့်ဝင်လာခဲ့တော့သည်။
"မင်္ဂလာပါ သက်တော်စောင့် ပတ်"
"အာ မင်္ဂလာပါ အတွင်းရေးမှူး မီ
မတွေ့တာ ကြာပြီနော်""ဟုတ်ကဲ့"
"ဂျောင်~အဲ ဥက္ကဌကြီး
အခန်းထဲမှာရှိလား?"ဂျောင်ဆူးက ဂျူဒို group ရဲ့ ဥက္ကဌကြီးဖြစ်သွားပြီပဲ။ ဒါကို သူ မေ့နေခဲ့တာ။
YOU ARE READING
အမုန်း၏အခြားတစ်ဖက်•On The Other Side Of The Hate