ဆိုးလ်အကျဉ်းထောင်တရားခံနှင့်ရှေ့နေတို့သီးသန့်ခန်းတွင် ကျွန်တော်ရယ်။ မျက်နှာချင်းဆိုင်ခုံမှာ ချန်ယောလ်ရယ်။ ကျွန်တော့်ဘေးတွင် ဘတ်ဟွန်းက ရှိနေသည်။ တိတ်ဆိတ်သောအခန်းထဲတွင် မည်သူကမှ စကားမစဖြစ်ကြသေး။''ဒီအခြေအနေထိရောက်လာမှတော့
ဒီအခွင့်အရေးကို ခင်ဗျားအရယူပါလို့
ကျွန်တော်ပြောချင်တယ်
ဘတ်ချန်ယောလ်ရှီ''''ဂျောင်ဆူးရှီ ကျွန်တော်ပြောထားတာတွေ
အားလုံးမှတ်မိပါတယ်နော်။ အဆင်ပြေပါစေ။
ကျွန်တော့်ကိုခွင့်ပြုပါဦး။''ဂျောင်ဆူး ပခုံးကိုပုတ်ကာ ထွက်သွားသော ထိုရှေ့နေကို ကျွန်တော်သိပ်သဘောမကျ။
ကျွန်တော့်ထက်ဂျောင်ဆူးကို ပိုဂရုစိုက်နေသည့် အပြုအမူတွေပဲ ကျွန်တော် သိပ်သိတာပေါ့။''မင်းသူနဲ့ဘယ်လိုသိတာလဲ''
''ဘာလဲ သဝန်တိုနေပြီလား''
''သူမင်းကိုကြည့်တဲ့အကြည့်တွေ
မရိုးသားဘူးဆိုတာ မင်းသိရဲ့လား''''သူက သိပ်ဆွဲဆောင်မှုရှိ တော့အမှန်ပဲ''
''ဘာလဲ မင်းသူ့ကို သဘောကျနေပြီလား''
''ကျစရာလား ကျွန်တော့်ချစ်သူက
ဘေးမှာ ငုတ်တုတ်ကြီး ရှိနေတာကို''''ဒါမယ့် အခုငါက ထောင်ထဲမှာလေ
မင်း တခုခုဖြစ်သွားရင် ငါမကယ်နိုင်ဘူး"''ဒါတော့ စိုးရိမ်တယ်လား"
''ဂျောင်ဆူး''
'' သဝန်တိုတာတွေ စိုးရိမ်နေ
ရတာတွေ မခံစားနိုင်တော့ရင်လည်း
ဒီမှာ လက်မှတ်သာထိုးလိုက်စမ်းပါ
ခင်ဗျားအမြန်ဆုံးလွှတ်စေရမယ်။''''ဂျောင်ဆူး ''
''သူက အတော်ဆုံးရှေ့နေနော်....ခင်ဗျားငြင်းနေဦးမှာလား။''
''ဂျောင်ဆူး ငါ...''
''ဘာလဲ မလိုဘူး ပဲပြောပြီး
အော်ငေါက်လည်း
ရတယ်နော်
ကျွန်တော်က ခင်ဗျားဒီမှာ လက်မှတ ်မထိုးမချင်း
ဒီကနေ မရွေ့ဘူးလို့ဆုံးဖြတ်ထားပြီးပြီ။ ''''တကယ်လို့လိုအပ်ရင်
တယောက်ယောက်ကိုသတ်ပြီးထောင်ထဲဝင်လာခဲ့မယ်။ ''
YOU ARE READING
အမုန်း၏အခြားတစ်ဖက်•On The Other Side Of The Hate