အပိုင်း(၉)

1.1K 96 5
                                    

တီ~တီ

📩**ဒီနေ့၃ရက်မြောက်နေ့နော်
မင်းပြောခဲ့သလို ရစေရမယ်ဆို
အခုထိမရသေးဘူးလား ချန်ယောလ်**

ထိုစာကို မြင်လိုက်ရသည်နှင့် ကျတော်
ဟန်မဆောင်နိုင်ပဲ မျက်နှာ ပျက်ယွင်းနေမိသည်....။

'' အဆင်ပြေရဲ့ လား ''

ဂျောင်ဆူးက သတိ ပြုမိသည် ထင်...။

'' Nae? အာ ခေါင်းနည်းနည်း ကိုက်လာလို့ပါ''

''ခေါင်းကိုက်နေလည်း ကားပေါ် သွားနားနေလိုက်ပါ...Appa က ဒီမှာ ကြာဦးမယ်။''

'' ရပါတယ် ''

''ရတယ် လုပ်မနေနဲ့
ကျန်းမာရေးက အရေးကြီးတယ်မလား''

ဒိုဂျင်မင်းက ပါ ဝင်ပြောလာတော့ ကျတော် မနေတတ်။ နောက်ပြီး သူတို့နံဘေး ဒီထက်ပိုပြီး ရှိမနေချင်တော့။ ကျတော် ဘာလုပ်မိမယ်ဆိုတာ မသိနိုင်လို့။ စိတ်တွေ ရှုပ်ထွေးနေတာတော့ အမှန်ပင်။

''Nae..ဒါဆို''

အရိုအသေပေးပြီး ထွက်လာခဲ့ သည်..။ ကားတံခါးဖွင့်ပြီး ကားပေါ်တက်ကာ မှေးနေလိုက်သည်။

.

.

''Appa ...အဘိုးနဲ့အဘွားက
Appa အပေါ်အရမ်းကောင်းခဲ့တာလား''

'' အင်း အရမ်းအရမ်းကို ကောင်းခဲ့တာ
သားအရင်း မဟုတ်ပေမယ့် လို့ပေါ့။''

''Tae! Appa က

သားအရင်း မဟုတ်ခဲ့ဘူးလား။''

'' အင်း.....''

ဟိုးအဝေးက ပင်လယ်ကြီးကိုသာ ငေးကြည့်ရင်း Appa ပြန်ဖြေခဲ့သည်။ နောက်ထပ် ထွက်ကျလာမယ့် စကား လုံးတွေကို စောင့်ဆိုင်း ငေးမောနေပေမယ့် Appa မျက်ဝန်းတွေ တစ်စုံတစ်ခုကို လွမ်းမောနေသလိုပင်။

ပြီးသွားခဲ့သော အတိတ်တွေကို ဘာလို့ ပြန်တူးဆွနေမလဲ?

အခု လက်ရှိဘဝလေးအတိုင်းဆက်နေ သွားလည်း ဖြစ်တယ် မလား မင်ယောင်း။

တောင်းပန်ပါတယ်။ ငါ မင်းအပေါ်တာဝန်မကျေခဲ့လို့တောင်းပန်ပါတယ်။ မင်း မသေခင် တဖွဖွ မှာခဲ့တဲ့ ငါတို့ရဲ့သားကို အခုချိန်ထိ ရှာလို့မတွေ့သေးဘူးကွာ။

အမုန်း၏အခြားတစ်ဖက်•On The Other Side Of The HateWhere stories live. Discover now