အပိုင်း(၁၂)

883 101 15
                                    

ဆေးရုံ၏ပန်းခြံတစ်ခုတွင် သားအဖနှစ်ယောက်စိတ်ပြေလက်ပျောက်လမ်းလျောက်ထွက်လာကြခြင်းဖြစ်သည်။

"ဂျောင်ဆူး ရ"

"အင် Appa!"

ကျနော် အာပါးကို ဂရုတစိုက်တွဲကာ အာပါးရဲ့ နောက်ထပ်ပြောမယ့် စကားတွေကို စောင့်ဆိုင်းနေခဲ့သည်။

"မင်း အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိသေးဘူးလား? ဂျောင်ဆူးရ"

မထင်မှတ်သော မေးခွန်းကြောင့်ကျတော် ခေတ္တငြိမ်ကုတ်နေမိသည်။

"မဟုတ်မှ မိန်းမ မယူဘဲ
လူပျိုကြီးပဲ လုပ်ဖို့ စိတ်ကူးထားတာလား?"

ကျတော် သဘောကျစွာ ပြုံးမိသည်။

"Appa ကလည်း..."

"ဂျောင်ဆူး သား ငါမင်းကို ဆွဲမထားပါဘူး

မင်းစိတ်တိုင်းကျ နေနိုင်တယ်။

Appa က အားလုံး ခွင့်ပြုပေးမယ်။

မင်းချစ်တဲ့သူဟာ ဘယ်သူပဲ ဖြစ်ဖြစ်။
တခြား မိဘတွေလိုမျိုး

သဘောမတူတာတွေ ဘာတွေ မရှိစေရဘူး
Appa ကတိပေးတယ် နော်

ဟုတ်ပြီးလား"

"Nae....Appa "

ကျနော် ငိုရမလို ရယ်ရမလို ဖြစ်မိသည်။

ကျနော်က မိန်းကလေးတွေကို သဘောကျသူမဟုတ်။
ကျနော် သားတစ်ယောက်ရဲ့ တာဝန် ကို မကျေပွန်နိုင်ဘူး ဆိုရင် Appa ကျနော်ကို စိတ်ပျက်သွားနိုင်သည်။

Gayတစ်ယောက်ဖြစ်တဲ့ ကျနော့်ကို မုန်းတီးသွားနိုင်သည်။

ဘယ်လိုလုပ်ရမလဲ?
ကျနော် ဘာဆက်လုပ်ရမလဲ?

အခုလို နာမကျန်းဖြစ်နေသည့် ဖခင်တစ်ယောက်၏ စိတ်ကို သားတစ်ယောက်အနေနဲ့ နားလည် လိုက်သည်က Appa မြေးချီ ချင်နေပြီနှင့်တူသည်။
ဟု သတိပြုမိခြင်းပင်။

သို့သော် ကျနော် မစွမ်းဆောင်နိုင်ပါ။

ချန်ယောလ်ရဲ့ လက်ကို ဆွဲပြီး
ကျနော်ချစ်တဲ့ သူ ဟာ သူပါ လို့ အာပါးနှင့်
ထိပ်တိုက်မတွေ့ဆုံရဲ။

ငယ်ငယ်တည်းက ဂရုတစိုက်ချစ်လာခဲ့ပေးသည် Appa ကိုဒီလိုမျိုး ပုံမှန်မဟုတ်တဲ့ ဖြစ်စဉ်တစ်ခုအနေနဲ့ ကျနော် ထိပ်တိုက်တွေ့ဆုံဖို့ တကယ်ကို မဝံ့ရဲပါ။

အမုန်း၏အခြားတစ်ဖက်•On The Other Side Of The HateWhere stories live. Discover now