အခန်း - (၂)

500 59 2
                                    



ကျွန်မနာမည်က ဇူလိုင် ပါ..

ကျွန်မဟာ ကျွန်မနဲ့ နေခြည်ကို သတ်ဖို့ ကြိုးစားခဲ့တဲ့ သူ လက်ကပြေးရင်း

ချောက်ထဲကျသွားခဲ့တယ်

ကျွန်မနိုးလာတော့

ကျွန်မအတိတ်...ကျွန်မဘာတွေဖြစ်ခဲ့လဲ...အကုန်လုံးကို...သတိမရတော့ဘူး..

ဘယ်သူတွေက မိတ်ဆွေလဲ...ဘယ်သူတွေက ရန်သူတွေလဲ...

ကျွန်မ ဘယ်သူ့ ကို ယုံရမှာပါလိမ့်။

တနေ့မှာတော့ အမည်မသိလူတစ်ယောက်က ကျွန်မကို စာပို့ လာခဲ့တယ်

"ဘယ်သူ့ ကိုမှ မယုံနဲ့  ဇူ...အထူးသဖြင့် မင်းနဲ့ အနီးဆုံးလူတွေကို.." တဲ့။

စာပို့ တဲ့သူကရော ဘယ်သူလဲ။ သူ့ကို ကျွန်မ ယုံကြည့်သင့်ရဲ့လား။

နေခြည်ကို သတ်သွားတဲ့သူဟာ ...ကျွန်မကို ပြန်လာမသတ်နိုင်ဘူးလား.။

ဒေါ်မြသစ်က ကျွန်မကို သတ်ဖို့ တကယ်ကြိုးစားခဲ့တာလား။

ဒီမေးခွန်းတွေရဲ့ အဖြေကို ကျွန်မသိဖို့ လိုလာခဲ့တယ်....

ဟုတ်ကဲ့...

ဒါ ကျွန်မအကြောင်းပါ....

===========================


အတိတ် သို့မဟုတ်  ကျမနောက်ကြောင်း
---------------------------------------------------

ခြောက်တန်းကျောင်းသူလေး ကျွန်မ အိပ်ယာပေါ်တစ်ယောက်တည်း ငိုကြွေးနေမိသည်။

ဒီနေ့ အဖေရယ် အန်တီ မြသစ်ရယ် နေခြည်ရယ် ကစားကွင်း သွားလည်ကြသည်။

ကျွန်မကိုတော့  ဖျားနေသဖြင့် လေစိမ်း အတိုက်ခံလို့ မဖြစ်ဟုဆိုကာ သူတို့ နဲ့ မလိုက်ခိုင်း။

အိမ်ဖော်ဒေါ်လေးမေ နဲ့ အိမ်စောင့်နေခဲ့ရသည်။ 


တကယ်တမ်း ကျွန်မဖျားရတယ်ဆိုတာလည်း အန်တီမြသစ်ကြောင့် ဖျားရတာဖြစ်သည်။

တနေ့ က အန်တီမြသစ်ဟာ ကျွန်မကို ရေချိုးခန်းထဲ လော့ခ်ချပစ်ခဲ့သည်။

ပုံရိပ်ယောင် (Illusion)Where stories live. Discover now