အခန်း - ( ၁၂ )

308 41 0
                                    

#ပုံရိပ်ယောင်

အခန်း - ၁၂

---------------

ကျွန်မနာမည်က ဇူလိုင် ပါ..

ကျွန်မဟာ ကျွန်မနဲ့ နေခြည်ကို သတ်ဖို့ ကြိုးစားခဲ့တဲ့ လူသတ်သမား လက်ကပြေးရင်း ချောက်ထဲကျသွားခဲ့တယ်

ကျွန်မနိုးလာတော့

ကျွန်မအတိတ်...ကျွန်မဘာတွေဖြစ်ခဲ့လဲ...အကုန်လုံးကို...သတိမရတော့ဘူး..

ဘယ်သူတွေက ကျွန်မမိတ်ဆွေတွေလဲ...ဘယ်သူတွေက ကျွန်မရန်သူတွေလဲ...

ကျွန်မ ဘယ်သူ့ ကို ယုံရမှာလဲ။

ကျွန်မ အတိတ်ကို ပြန်သတိရတော့ လူသတ်မှုမှာ လေးလေးဟာ ကြံရာပါ ဖြစ်နေတာကိုသိလိုက်ရတယ်..

ကျွန်မ အတိတ်ကို သတိရတဲ့အချိန်မှာတေ့ာ့ ကျွန်မချစ်တဲ့သူတွေဖြစ်တဲ့ စည်သူနဲ့ ဖွေးဖွေးက မရှိကြတော့ပါဘူး

ကျွန်မ စည်သူနဲ့ ရခဲ့တဲ့ ကိုယ်ဝန်ဟာလည်း ပျက်ကျသွားခဲ့ပါတယ်..

ကျွန်မ လောလောဆယ် ဆေးရုံမှာပဲ ခဏနေနေပါတယ်..

အခု ဘာတွေ ဆက်ဖြစ်ဦးမလဲ။

ဟုတ်ကဲ့...

ဒါ ကျွန်မအကြောင်းပါ....

--------------------- အတိတ် -----------------------

ကျွန်မလေးလေးဆီကို စရောက်သည့်နေ့ မှလွဲ၍ ကျန်သည့်နေ့ တွေမှာ နားရသည်မရှိ။

မနက် လေးနာရီ ထိုးသည်နှင့် ကျွန်မ ထရပြီ။

လေးလေးနဲ့ အတူ တစ်နာရီ ခန့်  တရားထိုင်ရသည်။

ငါးနာရီမှာ ကျွန်မလေးလေးခြံကို ဘယ်နှစ်ခေါက်မှန်းမသိ ပတ်ပြေးရသည်။

မောရင် နားခွင့်ရှိသည်။

ပြီးရင် ဆက်ပြေး။

သူနားခိုင်းမှ ကျွန်မ နားရသည်။

ပြီးရင် ကျွန်မ ကိုယ်ခံပညာ သင်ရသည်။

ယောက်ျားကြီး သုံးလေးယောက်ကို တစ်ပြိုင်တည်း တိုက်ခိုက်ရသည်။

အနာခံကာ လေ့ကျင့်ရသည်။

လေးလေးက သူ တပည့်တွေနဲ့ အတူလေ့ကျင့်စေတာဖြစ်သည့်အတွက် ကျွန်မ အမြဲ ဒဏ်ရာဒဏ်ချက်တွေရလေ့ရှိသည်။

ပုံရိပ်ယောင် (Illusion)Where stories live. Discover now