အခန်း(၁)

1.2K 86 5
                                    

ကျွန်မနာမည်က ဇူလိုင် ပါ..
ကျွန်မဟာ accidentတစ်ခုကြောင့် သတိလစ်နေရာကနေ နိုးလာပြီးတဲ့နောက်
ကျွန်မအတိတ်...
ကျွန်မမိဘ...
ကျွန်မသူငယ်ချင်း...
ကျွန်မရန်သူ...
ကျွန်မအလုပ်အကိုင်...
ကျွန်မဘာတွေဖြစ်ခဲ့လဲ...အကုန်လုံး...မေ့သွားခဲ့တယ်..
ကျွန်မမေ့သွားတဲ့အရာတွေက တကယ်တမ်းမှာ အရမ်းရှုပ်ထွေးနေတဲ့ကိစ္စတစ်ချို့ နဲ့ ပတ်သတ်နေတာကို သိလိုက်ရတဲ့အခါ....
ဘယ်သူတွေက မိတ်ဆွေလဲ...
ဘယ်သူတွေက ရန်သူတွေလဲ...
ကျွန်မဘာကြောင့်ဒီလိုဖြစ်ခဲ့ရသလဲ..
သွေးရိုးသားရိုး ဟုတ်ရဲ့ လား..
ဒီမေးခွန်းတွေအတွက် ကျွန်မ အဖြေကို သိဖို့ လိုလာခဲ့တယ်..
ဟုတ်ကဲ့...
ဒါ ကျွန်မအကြောင်းပါ....
================


ဘေးမှ ဆူညံသံများကြောင့် ကျွန်မမျက်လုံးတွေကို ဖြတ်ကနဲ့  ဖွင့်ကြည့်လိုက်မိသည်...။

သို့ သော် စူးရှနေသောအလင်းကြောင့် မျက်လုံးကို ပြန်မှိတ်လိုက်ရသည်။

ကျွန်မ ခေါင်းက တရိပ်ရိပ်မူးနေသည်။

နားထဲမှာလဲ တဝီဝီ အသံကြားနေရသည်။

တဖြည်းဖြည်းနှင့် ကျွန်မကိုယ်မှာ  ပုံမှန်မဟုတ်တာတွေကိုလည်း ခံစားလာရသည်။

ဆေးရုံတစ်ခုရဲ့ အနံ့ အသက်တွေ ရနေသည်။

ခြေထောက်တွေ နာနေသည်။

ပြီးတော့ နှာခေါင်းကနေ ကျွန်မလည်ချောင်းအထိ ထိုးသွင်းထားသော ပိုက်များ....

ကျွန်မအသံထွက် ညည်းလိုက်မိသည်။

သို့သော် ကျွန်မလည်ချောင်းတွေ ခြောက်ကပ်နေသောကြောင့် အသံကကျယ်ကျယ်မထွက်။


"ဟင်...ဇူဇူ သတိရပြီ လား..." ဟု မိန်းကလေးတစ်ယောက်ရဲ့ စိုးရိမ်နေသောအသံကိုစကြားလိုက်ရသည်။


ပြီးတော့ တဖြည်းဖြည်းနဲ့

"ဇူ...ဇူရေ......ဦးကျော်ကျော် သွားသွား.ဆရာဝန်သွားခေါ်လိုက်" ယောက်ျားတစ်ယောက်အသံ။


"(.xxx.)မ နိုးလာပြီးလား..ဟင်...ငါ့တူမကို သတ်တဲ့ လူယုတ်မာမ...(.)မ..နင်နဲ့ငါ ရှင်းစရာရှိတယ် ကောင်မ (xxx) " မိန်းမကြီးတစ်ယောက် ငိုချင်းချရင်း ဆဲဆိုပြော ပြောနေသောအသံ..။

ပုံရိပ်ယောင် (Illusion)Where stories live. Discover now