အခန်း - ( ၇ )

276 47 0
                                    

#ပုံရိပ်ယောင်

အခန်း - ၇

======

ကျွန်မနာမည်က ဇူလိုင် ပါ..

ကျွန်မဟာ ကျွန်မနဲ့ နေခြည်ကို သတ်ဖို့ ကြိုးစားခဲ့တဲ့ လူသတ်သမား လက်ကပြေးရင်း ချောက်ထဲကျသွားခဲ့တယ်

ကျွန်မနိုးလာတော့

ကျွန်မအတိတ်...ကျွန်မဘာတွေဖြစ်ခဲ့လဲ...အကုန်လုံးကို...သတိမရတော့ဘူး..

ဘယ်သူတွေက မိတ်ဆွေတွေလဲ...ဘယ်သူတွေက ရန်သူတွေလဲ...

ကျွန်မ ဘယ်သူ့ ကို ယုံရမှာလဲ။

လွန်ခဲ့တဲ့ရက်တွေက လူဆိုးနဲ့ တူတဲ့ လူတစ်ယောက်က ကျွန်မနောက်ကို လိုက်နေခဲ့တယ်

ကျွန်မသူ့ ကို သံသယရှိတဲ့သူစာရင်းထဲ ထည့်ထားခဲ့တယ်..

ဒါပေမယ့် အဲ့ဒီလူနဲ့ ဆေးရုံရှေ့ မှာ ဦးကျော်ကျော်နဲ့  စကားပြောနေတာကို ကျွန်မတွေ့ လိုက်ရပြီးနောက်မှာ ဦးကျော်ကျော်ကိုပါ ကျွန်မ မယုံရဲတော့ဘူး။

ဦးကျော်ကျော်ကရော ရိုးသားရဲ့ လား...

အဲ့ဒီလူဆိုးရုပ်ပေါက်နေတဲ့ လူကရော ဘယ်သူလဲ ဘယ်သူလဲ...လူသတ်သမားလား...

ဒေါ်မြသစ်နဲ့ ကေတီဗွီမှာ တွေ့ တဲ့သူကရော ဘယ်သူကြီးလဲ။

ပြီးတော့ စည်သူကလည်း ဦးကျော်ကျော်ကိစ္စကို ဖွေးဖွေးကို မပြောဘူး

စည်သူက ဘာကြောင့် ဖွေးဖွေးကို မပြောသလဲ

စည်သူကရော ယုံကြည်ရရဲ့ လား

နောက်တစ်ခုက စည်နဲ့ ဖွေးဖွေးဟာ ချစ်သူတွေဖြစ်နေကြတာပဲ..။

ဘာကြောင့် ကျွန်မကို လိမ်ညာထားခဲ့ကြတာလဲ။

ကျွန်မသူတို့ ကို မယုံတော့ဘူး။

ထက်နိုင်ကရော ဘယ်အချိန်ထိ ယုံကြည်လို့ ရပါ့မလဲ။

စသဖြင့် မေးခွန်းတွေဟာ တဖြည်းဖြည်း များများလာတယ်..

ဒီမေးခွန်းတွေရဲ့ အဖြေကို ကျွန်မသိအောင်လုပ်ဖို့ လိုတယ်...

ဘာပဲဖြစ်နေဖြစ်နေ ကျွန်မနဲ့  နေခြည်ကို လုပ်ကြံတဲ့သူကို ကျွန်မ ရအောင် ဖော်ထုတ်မှာပါ။

ပုံရိပ်ယောင် (Illusion)Where stories live. Discover now