အခန်း - (၁၃)

285 39 2
                                    

#ပုံရိပ်ယောင်

အခန်း - ၁၃

---------------

ကျွန်မနာမည်က ဇူလိုင် ပါ..

ကျွန်မဟာ ကျွန်မနဲ့ နေခြည်ကို သတ်ဖို့ ကြိုးစားခဲ့တဲ့ လူသတ်သမား လက်ကပြေးရင်း ချောက်ထဲကျသွားခဲ့တယ်

ကျွန်မနိုးလာတော့

ကျွန်မအတိတ်...ကျွန်မဘာတွေဖြစ်ခဲ့လဲ...အကုန်လုံးကို...သတိမရတော့ဘူး..

ကျွန်မ အတိတ်ကို ပြန်သတိရတော့ လူသတ်မှုမှာ လေးလေးဟာ ကြံရာပါ ဖြစ်နေတာကိုသိလိုက်ရတယ်..

ကျွန်မဟာ အတိတ်ပြန်သတိရတဲ့အကြောင်းကို လေးလေးဆီကနေ ဖုန်းကွယ်ထားခဲ့တယ်..

ဒါပေမယ့် မရပါဘူး

အခုလေးလေးဟာ သူ့ ကို ဒုက္ခပေးမယ်အထင်နဲ့ ကျွန်မကို လိုက်ပြီး ရန်ရှာနေပါပြီ။

ကျွန်မလည်း စန္ဒာနဲ့ အတူတူ နယ်ဘက်ကို ပြေးရပါတော့တယ်.

စန္ဒာကတော့ လမ်းမှာဘဲ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်..

ကျွန်မ အခု စန္ဒာအဖြစ်နဲ့ ခြေရာဖျောက်နေပါတယ်..

အခု ဘာတွေ ဆက်ဖြစ်ဦးမလဲ။

ဟုတ်ကဲ့...

ဒါ ကျွန်မအကြောင်းပါ....

--------------------- အတိတ် -----------------------

"တီတီတီတီ "

ကျွန်မ ဆတ်ကနဲ့ ထလိုက်သည်။

ကျွန်မ အရမ်း မျှော်နေသည့် တနင်္ဂနွေနေ့ တော့ ရောက်ပြီ။

အမေ့ကိစ္စကို စုံစမ်းဖို့ ဒီတစ်ရက်ပဲ အချိန်ရသည်။

ကျွန်မ အိပ်ယာ ခေါက်သည်။

ကိုယ်လက် သန့် ရှင်းရေးလုပ်ပြီးသည်နှင့် လေးလေးအိမ်ကနေ ထွက်သည်။

မြို့ ပြင်ဘက်က စိုက်ခင်းတွေဘက်ကို ကျွန်မ ရောက်အောင် သွားသည်။

အဲ့ဒီနားတစ်ဝိုက်မှာ ဓာတ်ပုံဆိုင်တွေ ရှိမရှိ ရှာဖွေသည်။

မေးလိုက် သွားလိုက်ဖြင့် နေ့ တစ်ဝက်လောက် အချိန်ဖြုန်းပြီးမှ တကယ့်ချောင်ချို ချောင်ကြားထဲမှာ ဓာတ်ပုံဆိုင်ကို တွေ့ သည်။

ပုံရိပ်ယောင် (Illusion)Where stories live. Discover now